Cynoglossus lingua
The original plates showed the fishes facing right and have been flipped here.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Pleuronectiformes
မျိုးရင်း: Cynoglossidae
မျိုးစု: Cynoglossus
မျိုးစိတ်:
C. lingua
ဒွိနာမ
Cynoglossus lingua
Hamilton, 1822

ငါးခွေးလျှာမျိုး (Cynoglossus lingua) ကို ငါးပြားမျိုးဟုလည်း ခေါ်ကြသည်။ ငါးခွေးလျှာသည် များသောအားဖြင့် ရေအောက်မြေပြင်ပေါ်တွင် သွားလာ ကျက်စားနေတတ်သည်။ ရေအောက်ရှိ ရွှံ့နွံရောင်နှင့် အလွန်တူသောကြောင့် ငါးခွေးလျှာကို မြင်နိုင်ရန် ခဲယဉ်းသည်။ ငါးခွေးလျှာ၏ အရောင်သည် တစ်ချိန်နှင့် တစ်ချိန်မတူဘဲ ပြောင်းလဲလျက်ရှိသည်။ ညိုမည်းသော မြေပေါ်တွင်မူ ညို မည်းသော အရောင်သို့ ပြောင်းလဲသည်။ ငါးခွေးလျှာ၌ အထက်အောက်နှင့် ဘေးပတ်လည်ကို မြင်နိုင်သော မျက်စိရှိ သည်။

ငါးခွေးလျှာသည် မြေကြီးပေါ်၌ အပြားလိုက်နေနိုင်၍ ကိုယ် အပေါ်ဘက်ပိုင်းသာ ရွံ့နွံ၏အရောင်နှင့် တူ၏။ အောက်ဘက် ပိုင်း၌ အဖြူရောင် ခပ်ဖျော့ဖျော့ရှိ၏။ အချို့လူများက ငါးခွေးလျှာ၏ အမည်းဖက်အပိုင်းမှာကျော၊ အဖြူဖက်အပိုင်းမှာ ဝမ်းဗိုက်ဖြစ်သည်ဟု ထင်ကြ၏။ အမှန်မှာ ထိုအပိုင်းတို့ကား ငါးခွေးလျှာ၏ ညာဘက်ဘေးနှင့် ဗယ်ဖက်ဘေးများသာလျှင် ဖြစ်ပေသည်။

ကိုယ်တစ်ဖက်မည်း၊ တစ်ဖက်ဖြူရှိခြင်းထက် ထူးဆန်းသော အချက်မှာ ဦးခေါင်း၏ ညာဘက်တစ်ဖက်တည်း၌ မျက်စိ ၂ လုံး စလုံးရှိခြင်း ဖြစ်သည်။ ပါးစပ်မှာလည်း စောင်းလျက်ရှိ၏။ ငါးခွေးလျှာသည် မွေးခါစ၌သာ ငါး၏ ပုံပန်းသဏ္ဌာန်ရှိ၏။ မျက်စိမှာလည်း တစ်ဖက်တစ်လုံးစီသာရှိ၏။ သို့သော် များ မကြာမီ ဗယ်ဖက်မျက်စိသည် တဖြည်းဖြည်း အပေါ်သို့ တက်လာပြီး ညာဘက်သို့ ရွေ့သွားသည်။ ပါးစပ်မှာလည်း ရွဲ့၍သွား၏။ အတန်ကြီးလာသောအခါ ငါးခွေးလျှာသည် နေ ရောင်ခြည်ရနိုင်သော ရေပြင်သို့ ရောက်လာသည်။ ထို့နောက် ရေအောက်သို့ ဆင်းသွားသည်။

ငါးခွေးလျှာမျိုးရင်းတွင် အမျိုးပေါင်း ၅ဝဝ ခန့် ပါဝင်၏။ ထိုငါးတို့သည် များသောအားဖြင့် အဖိုးတန်သော ငါးများ ဖြစ် ကြသည်။ ဆိုးလီးအား ဗာလဂါရစ်ခေါ် ဥရောပတိုက်မှ ငါးခွေး လျှာသည် အလွန်အရသာရှိသောငါး ဖြစ်၏။ မျိုးရင်း တစ်ခု လုံးရှိ ငါးခွေးလျှာတို့တွင် ဟဲလဗတ်ငါးသည် အကြီးဆုံး ဖြစ် သည်။ ငါးခွေးလျှာအသည်းမှ အဆီထဲတွင် ဗီတာမင်အေနှင့် ဒီ အမြောက်အမြားပါရှိသည့်အတွက်ကြောင့် ဟဲလဗတ်ငါးများကို အနောက်နိုင်ငံများတွင် စီးပွားရေးအနေနှင့် အကြီးအကျယ် ဖမ်းယူကြလေသည်။

မြန်မာနိုင်ငံတွင် 'ပလာဂူရှ'နှင့် 'ဆိုးလီးအား'ဟူသော ငါးခွေးလျှာမျိုးစုဝင် ငါးများကို တွေ့ရှိရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)