Long Whiskers Catfish
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Siluriformes
မျိုးရင်း: Bagridae
မျိုးစု: Mystus
မျိုးစိတ်:
M. gulio
ဒွိနာမ
Mystus gulio
(Hamilton, 1822)
Synonyms
  • Aspidobagrus gulio
  • Bagrus albilabrus
  • Bagrus gulio
  • Macrones gulio
  • Pimelodus gulio
  • Pseudobagrus gulio

ငါးစင်ဟုခေါ်သော ငါးမျိုးတွင် ငါးစင်ရိုင်း (မိစတပ်တန်ဂါးရား)၊ ငါးစင်ရိုင်းကြဲ (မိစတပ်ဗလီကာရီ)၊ ငါးစင်(မိစတပ် လီဂူ လီယို)၊ ငါးစင်ရိုင်းကြက်ချေး (မိစတပ်ဗစ်တားတပ်)စသော ငါးများ ပါဝင်သည်။ တစ်ခါတစ်ရံ မိစတပ်ကာ ဗာစီယပ်ကိုပင် ငါးစင်ရိုင်းဟူ၍လည်း ခေါ်သေးသည်။ မိစတပ်မျိုးရင်းတွင် ပါဝင်ကြသောငါးများ နှုတ်သီးမွေး လေးစုံပါရှိသည်။ အထက်မေးရိုးရှိ နှုတ်သီးမွေးသည် တင်ဆူးတောင်ထိအောင် ရှည်လျားသည်။ နှာတံမှာ ဆောက်ပုံသဏ္ဌာန်ရှိ ကိုယ်သည် သေးသွယ်ရှည်လျား၏။ တင်ဆူးတောင်၏ အနောက်ဘက်မှ အမြီးပိုင်းတိုင်အောင် ကိုယ်သည် ချိုင့်ဝင်လျက်ရှိသည်။ အမြီးဆူးတောင်မှာ ခွသဏ္ဌာန်ရှိသည်။ ခွအထက်ပိုင်းသည် အောက်ပိုင်းထက် အနည်းငယ်ရှည်ထွက်နေ၏။ အရွယ်အားဖြင့် ငါးစင်သည် အတော်အတန်ကြီးထွား၏။ တွေ့မြင်နေကျအရွယ် မှာ လက်မ ၂ဝ ခန့် ရှိသည်။ ငါးစင်သည် များသောအားဖြင့် ရေချို ရေငန် နှစ်ဌာနတွင် ကျက်စားသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)