ငါးစည်ဖောင်းကော်

ငါး၏ ဆီးအိမ်မှ ရသော အရာ
(ငါးစည်ပေါင်းကော် မှ ပြန်ညွှန်းထားသည်)

ငါးစည်ဖောင်းကော်သည် ပင်လယ်ငါးကြီး တစ်မျိုး၏ စည်ပေါင်းမှ ကြိုချက်ထုတ်လုပ်သော ဂျလယ်တင်း ကော်တစ်မျိုးဖြစ်သည်။ အရက်နှင့် ဘီယာများ သန့်စင်ရာတွင် လည်းကောင်း၊ အစားအစာများ ကြာရှည်ခံအောင် သိုထားရာတွင် လည်းကောင်း အသုံးပြုသည်။ အရောင်မှာ ဖြူ၏။ အလင်း မပေါက်တစ်ပေါက်ရှိ၍ မာသည်။ ထိုကော်၌ ဂျယ်လတင်း ၈၆ - ၉၃ % အထိ ပါသည်။ တခါတရံ ထို့ထက်ပင် ပါရှိသေး၏။ ရုရှားနိုင်ငံ စတားဂျင်ခေါ် ငါးမျိုးမှရသော ငါးစည်ဖောင်းကော်သည် အကောင်းဆုံးဟု အဆိုရှိလေ၏။ အရက်ကို ကြည်လင်အောင် ပြုလုပ်ရာ၌ ငါးစည်ဖောင်းကော်ကို အသုံးပြုကြသည်။ ကျောက်ကျောနှင့် ဟင်းချိုတို့၌ ဂျယ်လတင်းကို အသုံးချသကဲ့ သို့ ငါးစည်ဖောင်းကော်ကိုလည်း အသုံချရလေသည်။[][]

ငါးစည်ဖောင်း
  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၆)။ "ငါးစည်ဖောင်းကော်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်
  2. လှသမိန် (ဧပြီ ၁၉၇၈)။ "ငါးစည်ဖောင်းကော်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။