ငါးထပ်ကြီးဘုရား (သန်လျင်မြို့)

ငါးထပ်ကြီးဘုရား သည် သန်လျင်မြို့တောင်ဘက်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ ပါဒမြို့တော်ဟောင်းတည်ရှိရာ ပါဒကြီးရွာတွင် ကိန်းဝပ်လျက် ရှိသည်။[၁]

သမိုင်း ပြင်ဆင်ရန်

အချိန်မှာ ၁၂၄၀ ပြည့်နှစ်တွင် ဖြစ်၏။ အထက်မြန်မာနိုင်ငံမှဆင်းလာသော (အရာတော်မြို့ဇာတိ)ရဟန်း ဦးကုသလသည် ပါဒကြီးရွာ၌ သီတင်းသုံးနေ၏။ ဆရာတော်သည် ရုပ်ပွားတော်ကြီး တည်ထားလိုသဖြင့် စေတီတော် တည်ထားခဲ့သည်။

၁၂၆၆ ခုနှစ်တွင် ဘုရားတည်ရန် မြေညှိခဲ့သည်။ ၁၂၆၈ ခုနှစ်၊ တော်သလင်းလဆုတ် ၇ ရက်နေ့တွင် စေတီတော် အုတ်မြစ်ချကာ စတင်တည်ခဲ့သည်။ ၁၂၆၉ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ပြီးစီးခဲ့သည်။[၁]

အမည် ပြင်ဆင်ရန်

မာရ်ငါးပါး အောင်မြင်သည်ကို အစွဲပြု၍ ငါးထပ်ကြီးဘုရားဟု သမုတ်ခဲ့သည်။[၁]

အတိုင်းအတာများ ပြင်ဆင်ရန်

ရုပ်ပွားတော်ကြီးသည် အတိုင်းအတာ အချိုးအစားများမျာ −

  • ဉာဏ်တော်အမြင့် ပေ ၄၀ ၈ လက်မ၊
  • ပလ္လင်တော်အလျား ၃၃ ပေ ၁၁ လက်မ၊
  • ပလ္လင်တော်အနံ − ၂၀ ပေ ၁၁ လက်မ၊
  • ပလ္လင်တော်အမြင့် − ၄ ပေ ၆ လက်မ[၁]

အခြားသော လှူဒါန်းမှုများ ပြင်ဆင်ရန်

  • ပါဒကြီး ရွာသူရွာသားတို့သည် ဘုံငါးဆင့်ရှိသည့် တန်ဆောင်းကြီးကို လှူဒါန်းခဲ့သည်။
  • ၁၂၇၀ ပြည့်နှစ်တွင် ဦးမောင်ကလေး၊ ဒေါ်အေးမယ်တို့သည် အရုဏ်ခံတန်ဆောင်ကို လှူဒါန်းခဲ့သည်။
  • ၁၂၇၃ ခုနှစ်တွင် ဦးဖေကိုး၊ ဒေါ်အေးကြိုင် မိသားစုတို့သည် ဘုံ ၇ ဆင့်ရှိ တန်ဆောင်းကြီးကို လှူဒါန်းခဲ့သည်။
  • ၁၂၇၇ ခုနှစ်တွင် ဦးသာကျော်၊ ဒေါ်အုန်းပွင့် မိသားစုတို့သည် တန်ဆောင်းအသစ်ကို လှူဒါန်းခဲ့သည်။
  • ၁၂၇၈ ခုနှစ်တွင် ဦးဖေကိုး၊ ဒေါ်ငြိမ်း တို့သည် အထက်မန်းစက်တော်ရာပုံ ခြေတော်ရာတစ်ဆူကို လှူခဲ့ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၉၄၊ ၉၅။