Rita rita
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Siluriformes
မျိုးရင်း: Bagridae
မျိုးစု: Rita
မျိုးစိတ်:
R. rita
ဒွိနာမ
Rita rita
(F. Hamilton, 1822)
Synonyms
  • Pimelodus rita Hamilton, 1822
  • Arius ritoides Valenciennes, 1840
  • Rita ritoides (Valenciennes, 1840)
  • Rita buchanani Bleeker, 1853
  • Arius cruciger Owen, 1853
  • Rita crucigera (Owen, 1853)

ငါးထွေသည် ကမ္ဘာအရပ်ရပ်တွင် အနှံ့အပြားတွေ့ရသော ကြောင်ငါး အမျိုးအစားတွင် ပါဝင်လေသည်။ 'ကြောင်ငါး' ဟု အင်္ဂလိပ်အမည်ဖြင့် မှည့်ခေါ်ခြင်းမှာ ပါးစပ်ဘေးတွင် ကြောင်နှုတ်ခမ်းမွေးနှင့်တူသော အမျှင်များ ပါရှိခြင်းကြောင့် ဖြစ်လေသည်။ ငါးထွေသည် အကြည့်ရအရုပ်ဆိုးသော်လည်း စား၍အရသာရှိသောငါး ဖြစ်သည်။ ငါးထွေသည် အသားစား ငါးမျိုး ဖြစ်သည်။ ငါးထွေ၏ ဦးခေါင်းသည် ကိုယ်နှင့် မလိုက် အောင် ကြီးမား၏။ ဆူးတောင်များသည် ဖြောင့်တန်း၏။ မေးရိုး၌ ရှည်ပြီးကောက်သောသွားများ စီတန်းလျက် ပေါက် သည်။ ငါးထွေ၏အရောင်မှာ မီးခိုးရောင်ဖြစ်သည်။ ကိုယ် အလေးချိန် ပေါင် ၁ဝဝ ကျော်စီးသော ငါးထွေများရှိ၏။ ကြောင်ငါး အမျိုးအစားတွင် ပါဝင်သော ငါးမျိုးများစွာ မြန်မာ နိုင်ငံတွင် တွေ့ရှိရသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)