ငါးနက်ပြာ
ငါးမျိုးစိတ်
Labeo calbasu | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Cypriniformes |
မျိုးရင်း: | Cyprinidae |
မျိုးရင်းသေး: | Labeoninae |
မျိုးစု: | Labeo |
မျိုးစိတ်: | L. calbasu
|
ဒွိနာမ | |
Labeo calbasu F. Hamilton, 1822
| |
Synonyms | |
|
ငါးနက်ပြာကို ငါးနံဟူ၍လည်း ခေါ်သည်။ ငါးနက်ပြာသည် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးဒုပ်တို့နှင့်အတူ ငါးသိုင်းမျိုးတွင် ပါသည်။ ပါဏဗေဒအလိုအားဖြင့် 'လေဗီအိုကဲဗားစူး'ဟုခေါ်၍ 'စိုင်ပရီနီဒီ'မျိုးရင်းတွင် ပါဝင်သည်။ ငါးနက်ပြာသည် ကိုယ်ထည်တောင့်တင်းသည်။ ပါးစပ်ပေါက်ကျဉ်းသည်။ နှာတံနှင့် အထက်နှုတ်ခမ်းတို့တွင် အပေါက်ကလေးများ ရှိသည်။ နှုတ်သီးမွေး ၂ စုံပါရှိသည်။ အမြီးခွစောက်နက်သည်။ ငါးမြစ်ချင်း နှင့် ကွာခြားချက်မှာ ငါးနက်ပြာ၏ ကျောရိုးဆူးတောင်တွင် ဆူးတက်များပို၍ ပါရှိခြင်းပင် ဖြစ်သည်။ အရောင်မှာ မည်း သည်။ ဆူးတောင်များ၏ အရောင်မှာလည်း မည်းသည်။ တစ်ခါတစ်ရံ အမြီးဆူးတောင်၏ အထက်ခြမ်းအဖျားတွင် အဖြူရောင်ရှိတတ်သည်။ ငါးအုံတုံနှင့် ငါးဒိန်တို့လည်း ငါးနက်ပြာနှင့် မျိုးချင်းနွှယ်သောငါးများ ဖြစ်ကြသည်။ [၂]
ကိုးကား
ပြင်ဆင်ရန်ဤ ငါးနှင့်ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |