Wallago attu
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Siluriformes
မျိုးရင်း: Siluridae
မျိုးစု: Wallago
မျိုးစိတ်:
W. attu
ဒွိနာမ
Wallago attu
Synonyms

Silurus boalis Hamilton, 1822
Silurus wallagoo Valenciennes, 1840
Silurus muelleri Bleeker, 1846
Wallago russellii Bleeker, 1853

ငါးပတ်သည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း၌၎င်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၌၎င်း ကျက်စားသည့် အသားစား ငါးမျိုး ဖြစ်သည်။ အာရှတိုက်၊ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း တွေ့ရှိရသည်။ ပါဏဗေဒအရ 'ဝေါလာဂိုးနီးယားအတ္တူ'ဟု ခေါ်သည်။ အသားစားကြူးလှသဖြင့် ငါးပတ်ကို ငါးမန်းနှင့်နှိုင်း၍ 'ရေချိုငါးမန်း'ဟု ခေါ်ကြသည်။ ငါးပတ်ကိုယ်သည် ရှည်၍ ပြား၏။ ကျောသည် တစ်ဖြောင့်တည်းရှိ၍ နှာတံမှာ ရှည်၏။ ပါးစပ်ပေါက်ကျယ်၍ အောက်မေးသည် ရှေ့သို့ အနည်းငယ်ငေါထွက်နေ၏။ နှုတ်ခမ်းမွေးလေးပင်ပါရာ အထက် နှစ်ပင်သည် အောက်နှစ်အပင်ထက်ပို၍ ရှည်၏။ တစ်ခုတည်း ရှိသော ကျောဆူးတောင်သည် ရှေ့ကျကျပေါက်၍ ယင်း၌ ဆူးရိုးမပါချေ။ စအိုဆူးတောင်သည် အလွန်ရှည်ပြီး၊ အမြီးရင်း နားတွင် အဆုံးသတ်သည်။ အမြီးထိပ် ၂ ခုမှာ ဝိုင်းနေသည်။ ငါးပတ်၏ အရောင်မှာ နှာထိပ်မှ အမြီးတိုင် အောင် ကျောရိုးတစ်လျှောက်တွင် မွဲပြာရင့်ရောင်ဖြစ်၍ အောက် ပိုင်းတွင်မူ အရောင်အနည်းငယ်ဖျော့သွားသည်။ ငါးပတ်၏ ကိုယ်အရှည်သည် ၆ ပေအထိ ရှိသည်။ ငါးပတ်ကို ဟင်းလျာ အဖြစ် စားသုံးကြသည့်အပြင် ငါးပိလုပ်ရန်လည်း အသုံးချကြသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Ng, H.H., de Alwis Goonatilake, S., Fernado, M. & Kotagama, O. (2019). "Wallago attu". The IUCN Red List of Threatened Species 2019. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)