ငါးရံ့ရ အတူတူ၊ ငါးခူရ ခွဲခြမ်းခွဲခြမ်း
ငါးရံ့ရ အတူတူ၊ ငါးခူရ ခွဲခြမ်းခွဲခြမ်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်အိုင်ပက်သူ နှစ်ဦးသည် ငါးရံ့ကလေးများ ရသောအခါ နှစ်ယောက်အတူတူ ပိုင်သည်ဟု သဘောထားကြသော်လည်း ငါးခူးကြီးများ ရသောအခါ လောဘဝင်၍ ခွဲခြမ်းခွဲခြမ်း လုပ်သကဲ့သို့ အလုပ်တူတူ လုပ်သူအချင်းချင်း အကျိုးအမြတ် နည်းသော် အကျိုးတူသဘော ခံယူနိုင်ကြသော်လည်း အကျိုးအမြတ်များသော် အဝေမတည့် ဖြစ်လာသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "နောက်လိုက်ငယ်သားတို့ အပေါ်၌ ငါးရံ့ရတော့ အတူတူ၊ ငါးခူရတော့ ခွဲခြမ်းခွဲခြမ်း ဆိုသကဲ့သို့ မမျှတသော မနောဆိုး သဘောဆိုးများ ပေါ်ပေါက်၍..." [၁၃၁၄] မင်မြူ။ ၃၄။