ငါးဝဲရောင် (Protonibea diacanthus) သည် နှာတံပွသော ငါးတမျိုးဖြစ်၍ နှာတံရင်းတွင် အပေါက်ငယ် သုံးခုရှိသည်။ အောက်မေးရိုး အောက်ဘက်တွင် အပေါက်ငယ် ငါးခုရှိသည်။ အမြီး၊ ဆူးတောင်မှာ သပ်နှင့် တူသည်။ ငါးအရောင်မှာ ညိုမှိုင်း၍ ကျောဖက်တွင် ငွေရောင်သန်းကာ ဆူးတောင်များ၌ ရွှေရောင်ရှိသည်။ ရခိုင်နှင့် တနင်္သာရီ ကမ်းရိုးတန်းတွင် တွေ့ရှိရတတ်သည်။[]

ငါးဝဲရောင်
မသတ်မှတ်ရသေး (IUCN 3.1)
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
P. diacanthus
ဒွိနာမ
Protonibea diacanthus
(Lacepède, 1802)

အင်ဒို-ပစိဖိတ်ဒေသ၏ မျိုးရင်းဖြစ်သည်။ တန်ဖိုးကြီး ရေငန်ငါးမျိုးတွင် ပါသည်။ ဆေးဖက်ဝင်သော သူ့အသည်းကို ပင်လယ်ရွှေ ဟုပင် တင်စားကြသည်။ အရှေ့အာရှတွင် တိုင်းရင်းဆေးဖော်ရာတွင် သုံးသည်။ ငါးမျိုးကောင်းထွက်သော နိုင်ငံများမှာ စင်္ကာပူမလေးရှားအင်ဒိုနီးရှားဟောင်ကောင်နှင့် ဂျပန်တို့ဖြစ်သည်။

အကြီးဆုံး ဖမ်းမိသည့်အရွယ်မှာ အိန္ဒိယငါးဖမ်းသမားနှစ်ယောက် ဖမ်းမိသည့် အလေးချိန် ကီလို (၃၀) ရှိ ငါးပင် ဖြစ်သည်။ ထိုအရွယ်ငါးထီးမှာ ရူပီး (၄-၅) သိန်း ရနိုင်သည်။ အမဖြစ်လျှင်မူ (၁-၂) သိန်း တန်သည်။ အရွယ်နှင့် အလေးချိန်အပြင် ငါးအသည်းကိုလည်း တကီလိုလျှင် ၅ သိန်းမှ ၆ သိန်းအထိ ရသည်။

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ငါးဝဲရောင်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။