ငါးဟောက်
ငါးဟောက် (yellow pike conger)[၂] (Congresox talabon) သည် ငါးရှဉ့်တမျိုးဖြစ်ပြီး မျိုးရင်း Muraenesocidae (pike congers) တွင် ပါဝင်သည်။[၃] ငါးဟောက်များသည် ပင်လယ်ရေငန်ဒေသမှ ရေငန်စပ်ဒေသများသို့ ပြောင်းရွေ့နေထိုင်တတ်ကြသည်။ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အင်ဒိုနီးရှားနိုင်ငံ၊ မြန်မာနိုင်ငံတို့တွင် တွေ့ရှိရသည်။ မြေပျော့သော မီတာ ၁၀၀ အနက် ကမ်းရိုးတန်းဒေသများတွင် နေထိုင်ပြီး အထီးသည် ၈၀ စင်တီမီတာအထိ အများဆုံးကြီးထွားသည်။ သို့သော် များသောအားဖြင့် ၅၀ စင်တီမီတာအထိ ကြီးထွားကြသည်။[၃] ငါးဟောက်များသည် ရေအောက်ကြမ်းပြင်ရှိ ငါးများကို စားသုံးလေ့ရှိသည်။[၄] အသေးစား ငါးလုပ်ငန်းအတွက် ငါးဟောက်များကို အသုံးပြုပြီး ဈေးကွက်တွင် အစိမ်းလိုက်ရောင်းလေ့ရှိသည်။[၃]
ငါးဟောက် | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
မျိုးပေါင်းစု: | |
မျိုးပေါင်း: | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးစု: | |
မျိုးစိတ်: | C. talabon
|
ဒွိနာမ | |
Congresox talabon (Cuvier, 1829)
| |
Synonyms[၁] | |
|
ကိုးကား
ပြင်ဆင်ရန်- ↑ Synonyms of Congresox talabon at www.fishbase.org.
- ↑ Common names for Congresox talabon at www.fishbase.org.
- ↑ ၃.၀ ၃.၁ ၃.၂ Congresox talabon at www.fishbase.org.
- ↑ Food items reported for Congresox talabon at www.fishbase.org.