ငုံးခြေဝါ
အိန္ဒိယနိုင်ငံ၊ မဟာရရှ်တရာပြည်နယ် (Maharashtra) တွင် တွေ့ရသော ငုံးခြေဝါ
၄-ရက်သား ငုံးခြေဝါ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Charadriiformes
မျိုးရင်း: Turnicidae
မျိုးစု: Turnix
မျိုးစိတ်:
T. tanki
ဒွိနာမ
Turnix tanki
Blyth, 1843

ငုံးခြေဝါ (Turnix tanki)သည် ခြေသုံးချောင်းငုံး (buttonquail)ဟုခေါ်သော ငှက်ငယ်အမျိုးအစားဖြစ်သော်လည်း၊ ဂယ်လဖွန်းမ်စ် (Galliformes) မျိုးစဉ်မှဖြစ်သော ငုံးဟု ယေဘုယျအားဖြင့်သိသော ငှက်ငယ်များနှင့် မည်သို့မျှ မပတ်သက်ချေ။ ၎င်းတို့ကို အိန္ဒိယတိုက်ငယ် (Indian subcontinent)၊ အရှေ့အာရှ (East Asia) နှင့် အရှေ့တောင်အာရှဒေသ (Southeast Asia) တို့တွင် တွေ့ရလေ့ရှိသည်။ ၎င်းတို့တွင် မျိုးစိတ်သေး (subspecies) နှစ်ခုရှိကြောင်း အသိအမှတ်ပြုထားသည်။ တန်ကီ (Turnix t. tanki) မျိုးစိတ်သေးကို ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ ကပ္ပလီကျွန်းစု (Andaman and Nicobar Islands) တို့တွင် တွေ့ရသည်။ ဘလဲန်ဖောဒီး (Turnix t. blanfordii) မျိုးစိတ်သေးကို မြန်မာ၊ အင်ဒိုချိုင်းနား နှင့် တရုတ်ပြည်အရှေ့ပိုင်းတို့တွင် တွေ့ရသည်။ ၎င်းသည် ကိုရီးယားကျွန်းဆွယ်နှင့် ရုရှားအရှေ့တောင်ဘက်အစွန်ဆုံးနေရာများတွင် အကောင်ပေါက်ရန် ပြောင်းရွှေ့နေထိုင်လေ့ရှိသည်။[၂]

ပုံသဏ္ဌာန် ဖော်ပြချက် ပြင်ဆင်ရန်

ငုံးခြေဝါသည် အရှည် ၁၅ မှ ၁၈ စင်တီမီတာ (၆ လက်မ မှ ၇ လက်မ) အထိ ကြီးထွားနိုင်သည့် ငုံးငယ်အမျိုးအစား ဖြစ်သည်။ အမများသည် အထီးများထက် အနည်းငယ်ပိုကြီးပြီး အရောင်ပိုတောက်လေ့ ရှိသည်။ တန်ကီ (Turnix t. tanki) မျိုးစိတ်သေးသည် ၃၆ မှ ၄၃ ဂရမ် (၁.၃ မှ ၁.၅ အောင်စ) လေးသည်။ ဘလဲန်ဖောဒီး (Turnix t. blanfordii) မျိုးစိတ်သေးတွင်မူ အထီးများသည် ၃၅ မှ ၇၈ ဂရမ် (၁.၂ မှ ၂.၈ အောင်စ) လေးပြီး၊ အမများမှာမူ ၉၃ မှ ၁၁၃ ဂရမ် (၃.၃ မှ ၄.၀ အောင်စ) အထိ လေးနိုင်သည်။ အမြီးတို၍၊ အတောင်ပံများသည် အစွန်ပိုင်းတွင် လုံးနေသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. BirdLife International (2012). "Turnix tanki". IUCN Red List of Threatened Species 2012. IUCN. 
  2. Debus, S. (2016)။ Yellow-legged Buttonquail (Turnix tanki)Handbook of the Birds of the World Alive။ Lynx Edicions, Barcelona။ 1 July 2016 တွင် ပြန်စစ်ပြီး။
  3. McGowan, Phil; Madge, Steve (2010)။ Pheasants, Partridges & Grouse: Including buttonquails, sandgrouse and allies။ Bloomsbury Publishing။ p. 424။ ISBN 978-1-4081-3566-2