ငွေတိုက် ဦးစီးဌာန (အင်္ဂလိပ်: Treasury Department) သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဦးစီးဌာနတစ်ခုဖြစ်သည်။[၁]

ငွေတိုက် ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁ စက်တင်ဘာ ၂၀၁၄
ဌာနချုပ်ရုံးအမှတ် (၃၄)၊ နေပြည်တော်
ဝန်ကြီးများဦးဝင်းရှိန်
ဌာနအကြီးအမှူးများ၊ ညွှန်ကြားရေးမှူးချုပ်
မိခင်အဖွဲ့အစည်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၄ခုနှစ် ဇွန်လ ၁၉ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအရ ငွေတိုက်ဦးစီးဌာနအား ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းခွင့်ပြုခဲ့သည်။ ၂၀၁၄ခုနှစ် စက်တင်ဘာ ၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၆ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ၂၀၁၉ခုနှစ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ၂၀၂၁ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ လက်အောက်တွင် ပါဝင်ဖွဲ့စည်းခဲ့သည်။[၂]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

  • ငွေကြေးစီမံခန့်ခွဲမှုဌာနခွဲ
  • ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲ
  • စာရင်းပေါင်းချုပ်ပြုစုရေးနှင့် အစီရင်ခံရေးဌာနခွဲ
  • ငွေတိုက်ရေးရာမူဝါဒနှင့် အရည်အသွေးမြှင့်တင်မှုဆိုင်ရာဌာနခွဲ
  • သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ
  • စီမံရေးရာနှင့် ငွေစာရင်းဌာနခွဲ

ကိုးကား ပြင်ဆင်ရန်