ဝင်းရှိန်
ဦးဝင်းရှိန် သည် နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်ဖြစ်သည်။[၁] ထို့အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သည်။ ၂၀၂၁ခုနှစ် မေလတွင် စက်မှု ဝန်ကြီးဌာနကို ပြန်လည်ခွဲထုတ်ခြင်း မပြုမီအချိန်အထိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးအဖြစ် ၃လကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
ဝင်းရှိန် | |
---|---|
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ယခင်လူ | ဦးစိုးဝင်း (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးအဖြစ်) |
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၇ စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆ | |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | ဦးလှထွန်း |
ဆက်ခံသူ | ဦးကျော်ဝင်း (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်) |
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး | |
တာဝန်သက်တမ်း ဇူလိုင် ၂၀၁၂ – စက်တင်ဘာ ၂၀၁၂ | |
ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး | |
တာဝန်သက်တမ်း မတ် ၂၀၁၁ – ဇူလိုင် ၂၀၁၂ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ |
လူမျိုး | မြန်မာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | - ၂၀၁၀ |
ရာထူး | ဗိုလ်မှူးချုပ် |
နိုင်ငံရေးတာဝန်
ပြင်ဆင်ရန်သူသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ၂၀၁၃ မေလမှ ၂၀၁၄ မေလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။[၂]၂၀၁၁ မတ်လမှ ၂၀၁၂ ဇူလိုင်လအထိ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊[၃][၄] ၂၀၁၂ ဇူလိုင်မှ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၅] ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီ ကမ္ဘောဒီးယားနိုင်ငံ၏ မြန်မာနိုင်ငံ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ အာဏာသိမ်းမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံခဲ့ရသည်။ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။
ပုဂ္ဂိုလ်ရေးဘဝ
ပြင်ဆင်ရန်ရေတပ် လေ့ကျင့်ရေးဌာနချုပ်တွင် ဗိုလ်မှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။[၄]ဦးဝင်းရှိန်၏ ဖခင်ဖြစ်သူ ဦးစန်းရှိန်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။[၆]
ကိုးကား
ပြင်ဆင်ရန်- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ "Politics/ Inside Burma"၊ Shan Herald Agency for News၊ 7 May 2013။ 12 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 27 August 2013။
- ↑ "Myanmar government reshuffled"၊ The Nation၊ 12 July 2012။ 12 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 23 February 2014။
- ↑ ၄.၀ ၄.၁ Burma: Comparison of New Government Officials with the Council of the European Union List of Sanctioned Regime Members။ Global Justice Center။ 22 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 February 2014 တွင် ပြန်စစ်ပြီး။
- ↑ Cabinet။ Alternative Asean Network on Burma (21 November 2013)။ 20 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 February 2014 တွင် ပြန်စစ်ပြီး။
- ↑ Zay Thu။ "ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား" (in Burmese)၊ Tomorrow၊ 27 August 2014။ 9 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2015။