ငှက်မြီးနှစ်ခွ
Enicurus schistaceus | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Passeriformes |
မျိုးရင်း: | Muscicapidae |
မျိုးရင်းသေး: | Saxicolinae |
မျိုးစု: | Enicurus |
မျိုးစိတ်: | E. schistaceus
|
ဒွိနာမ | |
Enicurus schistaceus (Hodgson, 1836)
|
ငှက်မြီးနှစ်ခွ (Enicurus schistaceus) သည် ဟိမဝန္တာတောင်တန်း၊ တရုတ်နိုင်ငံတောင်ပိုင်း၊ အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ်တို့တွင် တွေ့ရလေ့ရှိသည်။ ဖေဖော်ဝါရီနှင့် ဇူလိုင်လကြားများတွင် သားပေါက်ကြသည်။ များသောအားဖြင့် တကောင်တည်းနေထိုင်တတ်ကြပြီး သားပေါက်ရာသီတွင် စုံတွဲ သို့မဟုတ် မိသားစုလိုက်တွေ့ရှိရတတ်သည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ "Enicurus schistaceus" (2016). IUCN Red List of Threatened Species 2016. IUCN. doi: .
- ↑ တောရိုင်းတိရစ္ဆာန်များစာရင်း (၂၀၂၀).pdf သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် ၆၉၀/၂၀၂၀ Archived 18 February 2021 at the Wayback Machine.
ဤ စာကလေးနှင့် အလားတူငှက်မျိုးနွယ်ဝင် ငှက်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |