အခြေခံအဆင့် သင်္ချာ သို့မဟုတ် ရူပဗေဒ တွင် စကေလာ (ခေါ်) ကိန်းထီး (အင်္ဂလိပ်: scalar) က ဗှတ္တာနှင့် မတူစွာဖြင့် ကိန်းတစ်လုံးထီးတည်းဖြင့် ဖော်ပြနိုင်သော သင်္ချာအားဖြင့် သင်္ချာဇာတ်ကောင် သို့မဟုတ် ရူပဗေဒအားဖြင့် တိုင်းဖွယ် ဖြစ်သည်။

ဗှတ္တာကို ဆပြောင်းကိန်း(scalar)နှင့် မြှောက်နိုင်ပုံ။ မြှောက်ဖော်ကိန်း 3နှင့် မြှောက်လိုက်ခြင်းသည် ဗှတ္တာကို ထိုဦးတည်ချက်အတိုင်းပင် ၃ဆ ရှည်သွားစေခြင်း။

ထို့ပြင် စကေလာသည် ဗှတ္တာအဖို့ မြှောက်ဖော်ကိန်းဖြစ် သက်ရောက်လျက် ဗှတ္တာ၏ အတိုင်းအဆကို ပြောင်းလဲနိုင်သေးသဖြင့် စကေလာကို ဆပြောင်းကိန်း ဟုလည်း ခေါ်နိုင်သည်။[၁][၂] ဥပမာအားဖြင့် နှင့် မြှောက်လိုက်ခြင်းသည် ၂ဆ ဖြစ်စေခြင်း၊ ½ နှင့် မြှောက်လိုက်ခြင်းသည် ဆဝက် ဖြစ်စေခြင်း၊ နှင့် မြှောက်လိုက်ခြင်းသည် ပင်ကို တစ်ဆအတိုင်းပင် ဆန့်ကျင်ဘက် လားရာ ရှိစေခြင်း ဖြစ်သည်။

အဆင့်မြင့်သင်္ချာ ခွဲခြမ်းစိတ်ဖြာ ဗေဒတွင်မူ စကေလာ (ဆပြောင်းကိန်း)သည် စက် (field)အတွင်း ပါဝင်သော အရာများ ဖြစ်သည်။

တာအုံသဘောတရားဖြင့် ပြင်ဆင်ရန်

အဆင့် 2 နှင့် အထက်ရှိသော တာအုံများကို "တာအုံ" ဟု သာခေါ်ရိုးရှိပြီး ထောင့်စက် ကိန်းအုံ ပုံစံဖြင့် ဖော်ပြနိုင်သည်။ အဆင့်-1 သာ ရှိသော တာအုံများမှာမူ ဗှတ္တာများ ဖြစ်ပြီး တိုင်ထီးကိန်းအုံ ပုံစံဖြင့် ဖော်ပြနိုင်သည်။ ဤအခါမျိုးတွင် စကေလာ (ကိန်းထီး) ဟူသည် အဆင့်-0 နှင့် တာအုံ ဖြစ်သဖြင့် ကိန်းတစ်လုံး ထီးတည်း ဖြစ်နေမည်။

အကိုးအကား ပြင်ဆင်ရန်

  1. Lay၊ David C. (2006)။ Linear Algebra and Its Applications (3rd ed.)။ Addison–WesleyISBN 0-321-28713-4
  2. Axler၊ Sheldon (2002)။ Linear Algebra Done Right (2nd ed.)။ SpringerISBN 0-387-98258-2