စကော့ ဂျွန် မောရစ်ဆန် (၁၉၆၈ ခုနှစ်မေလ ၁၃ ရက်နေ့မွေးဖွား) သည် ဩစတြေးလျနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ဩစတြေးလျနိုင်ငံ၏ ၃၀ ယောက်မြောက် နှင့် လက်ရှိ ဝန်ကြီးချုပ် နှင့် ဩစတြေးလျနိုင်ငံအား လက်ရှိ အုပ်ချုပ်နေသည့် လစ်ဘရယ်ပါတီ၏ ခေါင်းဆောင် အဖြစ် ၂၀၁၈ ဩဂုတ်လ တွင် ဖြစ်လာခဲ့သည်။ သူသည် ၂၀၁၃ ခုနှစ်ကတည်းက အကြီးတန်း ဝန်ကြီးရာထူးများကို ထမ်းဆောင်ခဲ့ပြီး ယခင် ဝန်ကြီးချုပ် တန်းဘူး၏ အစိုးရ (၂၀၁၅-၂၀၁၈) တွင် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။


စကော့ မောရစ်ဆန်

လွှတ်တော်အမတ်
၂၀၁၄
ဩစတြေးလျနိုင်ငံ၏ ၃၀ ယောက်မြောက် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၈၊ ဩဂုတ် ၂၄
ဧကရာဇ်ဒုတိယမြောက် အဲလိဇဘက်ဘုရင်မ
ဘုရင်ခံချုပ်ဆာ ပီတာ ကော့ဂရုပ်ဗ်
ဒေးဗစ်ဟာလီ
လက်ထောက်မိုက်ကယ် မက်ကောမက်
ယခင်လူမယ်လ်ကွန် တန်းဘူး
လစ်ဘရယ် ပါတီ၏ ၁၄ ဦးမြောက် ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၈၊ ဩဂုတ် ၂၄
လက်ထောက်Josh Frydenberg
ယခင်လူမယ်လ်ကွန် တန်းဘူး
Minister for the Public Service
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
26 May 2019
လက်ထောက်Greg Hunt
ယခင်လူMathias Cormann
Treasurer of Australia
တာဝန်သက်တမ်း
21 September 2015 – 24 August 2018
ဝန်ကြီးချုပ်Malcolm Turnbull
ယခင်လူJoe Hockey
ဆက်ခံသူJosh Frydenberg
Minister for Social Services
တာဝန်သက်တမ်း
23 December 2014 – 21 September 2015
ဝန်ကြီးချုပ်Tony Abbott
Malcolm Turnbull
ယခင်လူKevin Andrews
ဆက်ခံသူChristian Porter
Minister for Immigration and Border Protection
တာဝန်သက်တမ်း
18 September 2013 – 23 December 2014
ဝန်ကြီးချုပ်Tony Abbott
ယခင်လူTony Burke
ဆက်ခံသူPeter Dutton
Member of the Australian Parliament
for Cook
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
24 November 2007
ယခင်လူBruce Baird
ကိုယ်ရေး အချက်အလက်များ
မွေးဖွားScott John Morrison
(1968-05-13) ၁၃ မေ၊ ၁၉၆၈ (အသက် ၅၅)
Waverley, New South Wales, Australia
နိုင်ငံရေးပါတီLiberal
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
Coalition
ကြင်ဖော်(များ)Jenny Warren (လက်ထပ် 1990)
သားသမီး2
နေထိုင်ရာKirribilli House (primary)[၁]
The Lodge (Canberra)
ပညာရေးUniversity of New South Wales (BSc Hons)[၂]
လက်မှတ်
ဝက်ဘ်ဆိုဒ်Official website
နာမည်ပြောင်ScoMo[၃]

မောရစ်ဆန် အား ဆစ်ဒနီမြို့ တွင် မွေးဖွားခဲ့ပြီး နယူးဆောက်သ်ဝေး တက္ကသိုလ်တွင် စီးပွားရေး ပထဝီဝင် ဘာသာရပ်ကို သင်ကြားခဲ့သည်။ သူသည် ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အတွင်း နယူးဇီလန် ခရီးသွားလုပ်ငန်းနှင့် အားကစားရုံး၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ မှ ၂၀၀၆ ခုနှစ်တွင် ဩစတြေးလျ ခရီးသွားလုပ်ငန်း၏ မန်နေးဂျင်းဒါရိုက်တာ ဖြစ်ခဲ့သည်။ မောရစ်ဆန် သည် ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း နယူးဆောက်သ်ဝေးပြည်နယ် လစ်ဘရယ်ပါတီ၏ ပြည်နယ်ဒါရိုက်တာ အဖြစ်လည်း တာဝန်ယူခဲ့သည်။ နောက်ပိုင်းတွင် နယူးဆောက်သ်ဝေးလ်ရှိ ကွတ်ခ်မြို့နယ် ကို ကိုယ်စားပြု၍ ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲတွင် အောက်လွှတ်တော် တွင်ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

ထို့နောက် 2013 ရွေးကောက်ပွဲ တွင် ညွန့်ပေါင်းပါတီတို့ အောင်ပွဲခံခဲ့ပြီးနောက် ဩစတြေးလျဝန်ကြီးချုပ် အဘော့၏ အစိုးရတွင် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်လုံခြုံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က အချုပ်အခြာအာဏာ နယ်စပ် စစ်ဆင်ရေး ကို အကောင်အထည်ဖော်ရန် တာဝန်ယူခဲ့သူ ဖြစ်သည်။ [၄] နောက်တစ်နှစ် အပြောင်းအလဲတွင် သူသည် လူမှုဝန်ထမ်း ဝန်ကြီး ဖြစ်လာသည်။ [၅] မဲလ်ကွန် တန်းဘူး အား အဘော့၏ နေရာတွင် ဝန်ကြီးချုပ်အဖြစ် အစားထိုးပြီးနောက်သူသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့သည်။ [၆]

၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ပြည်ထဲရေး ဝန်ကြီး ပီတာဒတ်တွန် သည် တန်းဘူးအား လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်နေရာအတွက် စိမ်ခေါ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ခေါင်းဆောင်များကြားတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပါတီသည် ဩဂုတ်လ ၂၄ ရက်တွင် ဒုတိယအကြိမ် ခေါင်းဆောင်နေရာအတွက် ဆန္ဒမဲ ပေးခဲ့ပြီး တန်းဘူးက ဝင်ရောက် မယှဉ်ပြိုင်ခဲ့ပေ။ ထိုဆန္ဒမဲပေးရာတွင် မောရစ်ဆန်သည် ဒတ်တွန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့ ကို အနိုင်ယူပြီးလစ်ဘရယ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထို့နေ့တွင် သူသည် ဘုရင်ခံချုပ် ရှေ့မှောက်တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ [၇] မောရစ်ဆန်သည် ၂၀၁၉ ရွေးကောက်ပွဲတွင် ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး အနိုင်ရရန် ခက်ခဲသော ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့သည်။ [၈]

ကိုးကား ပြင်ဆင်ရန်

  1. Trembath၊ Murray (2018-09-24)။ Updated | ‘The shire’s still our home’ says Scott Morrison။ 16 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-06-15 တွင် ပြန်စစ်ပြီး။
  2. "Hon Scott Morrison MP"၊ Parliament of Australia။ 
  3. Scott Morrison or ScoMo — is it time he retired the nickname now he's Prime Minister?ABC News။ 18 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2020 တွင် ပြန်စစ်ပြီး။
  4. "Tony Abbott's cabinet and outer ministry"၊ The Sydney Morning Herald၊ 16 September 2013။ 
  5. Dutton to immigration in reshuffleNews.com.au (21 December 2014)။
  6. "Malcolm Turnbull unveils his ministry"၊ The Guardian၊ 20 September 2015။ 
  7. "Scott Morrison wins Liberal party leadership spill"၊ Nine News၊ 24 August 2018။ 
  8. Belot၊ Henry (19 May 2019)။ Federal election result: Scott Morrison says 'I have always believed in miracles' as Coalition retains powerAustralian Broadcasting Corporation