ဂါးဒီးယန်း

(The Guardian မှ ပြန်ညွှန်းထားသည်)

ဂါးဒီးယန်း (အင်္ဂလိပ်: the Guardian) သည် ဗြိတိသျှနေ့စဉ်သတင်းစာတစ်စောင်ဖြစ်ပြီး ၁၈၂၁ တွင် "မန်ချက်စတာ ဂါးဒီးယန်း" အဖြစ် စတင်တည်ထောင်ခဲ့၍ ၁၉၅၉ တွင် လက်ရှိအမည်ဖြင့် ရပ်တည်ခဲ့သည်။[၅] ညီအမသတင်းစာများဖြစ်သော "အော့ဆာဗာ" (The Observer) နှင့် ဂါးဒီးယန်း အပတ်စဉ်" (The Guardian Weekly) များနှင့်အတူ ဂါးဒီးယန်းနေ့စဉ်သတင်းစာသည် "စကော့ ထရပ်စ်တ် လီမိတက်"က ပိုင်ဆိုင်သော "ဂါးဒီးယန်း မီဒီယာ အုပ်စု" ၏ အစိတ်အပိုင်းဖြစ်သည်။[၆]

The Guardian
ဖိုင်:The Guardian 28 May 2021.jpg
The Guardian front page on 28 May 2021
အမျိုးအစားနေ့စဉ်သတင်းစာ
ပုံစံအချိုးအစားဆိုက်ကြီး (၁၈၂၁–၂၀၀၅)
ဘာလင်နာဆိုက် (၂၀၀၅–၂၀၁၈)
ဆိုက်သေး (compact)( ၂၀၁၈ မှစ၍)
ပိုင်ဆိုင်သူGuardian Media Group
တည်ထောင်သူJohn Edward Taylor
ထုတ်ဝေသူGuardian Media Group
အယ်ဒီတာချုပ်Katharine Viner
တည်ထောင်ခြင်း၅ မေ ၁၈၂၁; ၂၀၂ နှစ် အကြာက (၁၈၂၁-၀၅-05) (မန်ချက်စတာ ဂါးဒီးယန်းအဖြစ် စတင်, ၁၉၅၉ တွင် လက်ရှိအမည်ပြောင်းလဲ)
Political alignmentCentre-left[၁][၂][၃]
ဘာသာစကားအင်္ဂလိပ်
ဌာနချုပ်များလန်ဒန်၊ ကင်းစ်ပဲလေ့စ်
စောင်ရေ၁၁၀,၄၃၈ (as of ၂၀၂၀ ဇူလိုင်)[၄]
ညီအစ်မ သတင်းစာများThe Observer
The Guardian Weekly
ISSN0261-3077
OCLC နံပါတ်60623878
ဝက်ဘ်ဆိုဒ်theguardian.com
နိုင်ငံယူနိုက်တက်ကင်းဒမ်း

အုပ်ထိန်းသူအဖွဲ့ကို ၁၉၃၆ တွင် ဖွဲ့စည်းခဲ့၍ သတင်းစာ၏ ဘဏ္ဍာရေး၊ လွတ်လပ်သော တည်းဖြတ်ခြင်း စသည်များကို အာမခံနိုင်ရန်နှင့် ဂါးဒီးယန်း၏ နိုင်ငံရေး၊ စီးပွားရေး ဩဇာခံနိုင်ရမှုမှ ကင်းရှင်း၍ လွတ်လပ်အမှီခိုကင်းစွာ ရပ်တည်သည့်တန်ဖိုး၊ လွတ်လပ်သော သတင်းပညာရပ်တို့ကို ထိန်းသိမ်းကွာကွယ်ပေးရန်ဖြစ်သည်။[၇] ထိုအဖွဲ့ကို လီမိတက်ကုမ္ပဏီအဖြစ် ၂၀၀၈ တွင် ပြောင်းလဲတည်ထောင်ခဲ့သည်။[၇] ၂၀၁၈ မှစ၍သတင်းစာ၏ အဓိက ပုံနှိပ်သတင်းအပိုင်းများကို ဆိုက်သေး (tabloid) ပုံစံဖြင့် ထုတ်ဝေခဲ့ကြသည်။ ၂၀၂၀ ဖေဖော်ဝါရီ အထိ ပုံနှိပ်မူသည် နေ့စဉ်စောင်ရေ ၁၂၆,၈၇၉ ရှိခဲ့၏ ။[၄] သတင်းစာ၏ အွန်လိုင်းလိပ်စာမှာ "TheGuardian.com" ဖြစ်ပြီး အခြားနိုင်ငံတကာ ဝဘ်ဆိုက်နှစ်ခုလည်း တည်ရှိရာ ဂါးဒီးယန်း ဩစတေးလျနှင့် ဂါးဒီးယန်း ယူအက်စ်တို့ဖြစ်ကြသည်။ ဤသတင်းစာ၏ စာဖတ်ပရိသတ်သည် ယေဘုယျအားဖြင့် ဗြိတိသျှနိုင်ငံရေးတွင် လက်ဝဲယိမ်းသူများဖြစ်ကြကာ[၈][၉] ဆိုရှယ်လစ်ဘရယ်ဝါဒအတွက် စင်မြင့်တစ်ခုအဖြစ် ရပ်တည်နိုင်သော နာမည်ဂုဏ်သတင်းနှင့် လက်ဝဲယိမ်းတည်းဖြတ်ရေးသားမှုများသည် ထိုသတင်းစာဖတ်သူများကို ဂါးဒီးယန်းဖတ်ရှုသူများ၊ ဂါးဒီးယန်းသမားများ (Guardianista) ဟူ၍ လက်ဝဲယိမ်းသည့်အတွက် ချိုးနှိမ်သော ဂုဏ်ထူးဝိသေသများ တပ်ခံရခြင်း ဖြစ်ပေါ်စေသည်။[၁၀][၁၁][၃]

ယူကေတွင် အရည်အသွေးရှိသော အခြားသတင်းစာများဖြစ်သည့် တိုင်းစ်ဒေးလီး တယ်လီဂရပ်ဖ်အင်ဒီပန်းဒန့်၊ အိုင် တို့အပါအဝင် ဂါးဒီးယန်းသတင်းစာသည်လည်း ဖတ်ရှုမှုများသော သတင်းစာတစ်စောင်ဖြစ်သည်။ ပုံနှိပ်မူ စောင်ရေအား ကျဆင်းသော်လည်း အွန်လိုင်းမူသည် ယူကေ၌ လစဉ် ဖတ်ရှုသူ ၂၃ သန်းကျော်ရှိသည်ဟု သိရှိရသည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. * Tsang၊ Amie (15 January 2018)။ The Guardian, Britain's Left-Wing News Power, Goes TabloidThe New York Times။ 24 January 2019 တွင် ပြန်စစ်ပြီး။
  2. * Payling, Daisy (20 April 2017). "City limits: sexual politics and the new urban left in 1980s Sheffield". Contemporary British Society 31 (2): 256–273. doi:10.1080/13619462.2017.1306194. 
  3. ၃.၀ ၃.၁ Definition of Guardian Reader။ 10 January 2018 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ The Guardian - Data - ABC | Audit Bureau of Circulations
  5. collection (The University of Manchester Library)။ 22 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 August 2021 တွင် ပြန်စစ်ပြီး။
  6. 'Guardian' newspaper trust keeps journalism at top of its agenda (in en)။ 12 March 2021 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ "The Scott Trust: values and history"၊ 26 July 2015။ 
  8. International Socialism, Spring 2003, ISBN 1-898876-97-5.
  9. Ipsos MORI။ Ipsos MORI။ 23 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2016 တွင် ပြန်စစ်ပြီး။
  10. Department of the Official Report (Hansard), House of Commons, Westminster (19 November 2001)။ Hansard 374:54 19 November 2001။ Publications.parliament.uk။ 28 July 2009 တွင် ပြန်စစ်ပြီး။
  11. "What the papers say"၊ BBC News၊ 17 October 2005။ 
  12. Waterson၊ Jim။ "Guardian most trusted newspaper in Britain, says industry report"၊ The Guardian၊ 17 December 2018။