စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)

စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သည် ဒီဇယ်စက်ခေါင်းအသစ်များ နှင့် လေအိတ်လူစီးတွဲသစ်များ တည်ဆောက်နိုင်ရန် အတွက် မြန်မာ့ မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဖွင့်လှစ်ထားသော စက်ရုံကြီး တစ်ခုဖြစ်သည်။ မြင်းကောင်ရေ ၂၀၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ် ရေးလုပ်ငန်းကို ၂၀၁၈ခုနှစ် ဧပြီလ ၄ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဒီဇယ် လျှပ်စစ်စက်ခေါင်း (၁၀)ခေါင်း DF-2093 မှ DF-2102 ထိ ကို တပ်ဆင်ထုတ်လုပ်ခဲ့ပါသည်။ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)သည် စက်ခေါင်းသစ် များ တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်သည့်အပြင် ဂျပန်နိုင်ငံမှ အကူအညီဖြင့် ဝယ်ယူခဲ့သည့် RBE (၃၂)စီးအားလည်း စက်ရုံတွင်းရှိ ဝန်ထမ်းများနှင့်ပင် ပြုပြင်ခြင်း လုပ်ငန်းများ၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့နောက် စက်ခေါင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ နိုင်ငံတော် ဘတ်ဂျက်ဖြင့် မြင်းကောင်ရေ ၁၂၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်းများ တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်း များ ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။ [၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် China National Machinery Import & Export Corporation (CMC) အနေဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတို့ စတင်တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး တရုတ်နိုင်ငံမှ ရရှိသော ဝယ်ယူသူ ဦးစားပေးချေးငွေ(Preferential Buyer Credit Loan) စီမံကိန်းများထဲတွင် စက်ရုံသစ်(၂)ရုံအား ထည့်သွင်းလျာထားခဲ့ရာ ၂၀၁၀ ခုနှစ်၊ ဇွန်လတွင် MoU လက်မှတ်ရေးထိုးခဲ့ပါသည်။ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သည် ၂၀၁၅ ခုနှစ်တွင် Myanmar Land & Development Co.,Ltd ကဆောက်လုပ်ခဲ့သည်။[၁]

တည်နေရာ ပြင်ဆင်ရန်

စက်ရုံ၏ တည်နေရာမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီး၏ အရှေ့ မြောက်ဘက် ၁ ကီလိုမီတာခန့်တွင် တည်ရှိပြီး စက်ရုံ၏ ဧရိယာ အကျယ်အဝန်းမှာ ၁၇.၉ ဧကခန့် ရှိ၍ ပင်မစက်ရုံနှင့် အထောက် အကူပြု အဆောက်အဦ(၁၄)လုံး ပါရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြင့် အုတ်မြစ်ချ၍ Steel Stacture, Steel Sheet အမျိုးအစားဖြစ်သည်။ [၂]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)၏ နောက်ခံသမိုင်း
  2. မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)မှ တစ်နှစ်လျှင် စက်ခေါင်း ၂၀ခေါင်း ထုတ်လုပ်နိုင်မည်။ ဆင်ဟွာသတင်းဌာန