စက်စက်ယိုစေတီတော်သည် ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ၊ ဝါးတောင်အုပ်စု၊ဖားအိုင့်ရွာ တွင်တည်ရှိပြီး​ရွှေတောင်မြို့နှင့် (၄)မိုင်ကွာဝေးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးသည်မဟာသက္ကရာဇ် (၂၅၀)ခုနှစ်အတွင်းမြတ်စွာဘုရားရှင်၏ဓာတ်တော်များဖြင့် တည်ထားကိုးကွယ်ခဲ့သော တန်ခိုး​ကြီးစေတီပုထိုးများအနက်မှ တစ်ဆူအပါအဝင်ဖြစ်သည်။[ကိုးကားချက်လိုသည်]မြန်မာရာဇဝင်ချုပ်နှင့် ရွှေနတ်တောင်ဘုရားသမိုင်း

စက်စက်ယိုစေတီတော်
စက်စက်ယိုစေတီတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စက်စက်ယိုစေတီတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်18°38′32″N 95°15′02″E / 18.642226°N 95.250647°E / 18.642226; 95.250647ကိုဩဒိနိတ်: 18°38′32″N 95°15′02″E / 18.642226°N 95.250647°E / 18.642226; 95.250647
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံပြည်ခရိုင်ရွှေတောင်မြို့နယ်

စေတီတော်ဘွဲ့တော်ပေးခြင်း ပြင်ဆင်ရန်

စက်စက်ယို‌စေတီ​တော်ဟူသော ဘွဲ့တော်ပေးရခြင်းမှာ စေတီတော်တည်းရှိရာ တောင်တန်းပေါ်ရှိကျောက်တုံးများအကြားမှ ထူးခြားစွာထွက်ရှိသော သဘာဝကျောက်စက်ရေသည် တစက်စက်ယိုစီးကျနေသည်ကို အစွဲပြု၍ စက်စက်ယိုစေတီတော်ဟု ဒွတ္တဘောင်မင်းကြီးနှင့်မိဖုရားများက ဘွဲ့တော်ပေး၍ ခေါ်တွင်ခဲ့ကြခြင်းဖြစ်ပါသည်။

စက်စက်ယိုစေတီတော်ရင်ပြင်တော်ရှိ နတ်ရေစင်၏ထူ​ခြားချက်များ ပြင်ဆင်ရန်

စေတီတော်ရင်​ပြင်ပေါ်ရှိ ကျောက်စက်ရေသည် နွေ၊ မိုးဆောင်း ရာသီသုံးပါးစလုံးတစ်သွင်သွင် အဆက်မပြက် စီးဆင်းနေပြီး နွေရာသီ၊ April လများမှာ၂၄နာရီ တစ်ရက်လုံးကို ရေဂါလံပေါင်း (၇၀) ထွက်ရှိသည်ဟု စစ်တမ်းများအရသိရသည်။

စေတီတော်ပြုပြင်မွမ်းမံခြင်း ပြင်ဆင်ရန်

ဒွတ္တဘောင်မင်းကြီးယခင်က တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးသည် (၂၀၀၈)ခုနှစ်တွင် နာဂစ်မုန်းတိုင်းဒဏ်ကြောင့် မြောက်ဘက် ၊ အနောက်ဘက်နှစ်ခြမ်းဖိနပ်တော်အထိပြိုကျပျက်စီးခဲ့ပြီး စေတီပုထိုးတော်ကြီးပါ မြေခခဲ့သည်။ မြန်မာသက္ကရာဇ် (၁၃၈၀)ခုနှစ်တွင် ဆရာတော်ဘုရားကြီးများ၏ကောင်းမှုတော်ကြောင့် ပျက်စီးယိုယွင်းနေသောဘုရားကြီးကို ရွှေအုပ် ငွေအုပ် ပတ္တမြား နီလာ ရတနာခုနစ်ပါး အုပ်မြစ်ချ၍ယခင်ကတည်ထားသော စေတီပုထိုးတော်ကြီးအား ခြုံငုံ၍ဉာဏ်တော်အမြင့်အတောင် (၃၀) ခန့်ရှိသောစေတီတော်ကြီးကို ပြုပြင်မွမ်းမံခဲ့ပြီး သက္ကရာဇ် (၁၃၈၁) ခုနှစ် နယုန်လပြည့် တနင်္လာနေ့တွင် ရွှေထီးတော်တင်၍ ဗုဒ္ဓဘိသေကအနေကဇာတင်ကာရေစက်သွန်းချ အမျှဝေကာ ကိုးကွယ်ထားသည်။

စေတီတော်တည်ခြင်းသမိုင်းအစ ပြင်ဆင်ရန်

ပျူခေတ်နှောင်းဘီစီ (၅)ရာစုခန့်အတွင်းဒွတ္တပေါင်မင်းကြီးလက်ထက်တွင် မိဖုရားနှစ်ပါး ဖြစ်ကုန်သော ပိဿနိုး၊စန္ဒာဒေဝီမိဖုရားများနှင့်အတူ ကာသီတိုင်း သို့ လှည့်လည်တော်မူရာတွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်ပေါင်း( ၁၈၂ )ဆူကို ပင့်ဆောင်ကာ ပျက်စီး ယိုယွင်းနေသော ရွှေနတ်တောင်စေတီတော်မြတ်ကြီးကို ဘုရားရှင်း၏ ဓာတ်တော် တချို့ကို ရတနာကြုတ်ဖြင့်ထည့်ကာ ဌာပနာ၍ ရွှေစေတီတော်တစ်ထပ်၊ ငွေစေတီတစ်ထပ် မွမ်းမံ​ပြုပြင်ခဲ့ပြီး၊ထိုမှတဖန် ရွှေနတ်တောင်ဘုရား၏ တောင်ဘက်အရပ် ရှိတောင်တန်းပေါ်ရှိ​သင်္ခမ်းကြီးစေတီတော်မှာလဲဘုရားရှင်၏ဓာတ်တော်မွေတော်များတချို့ကိုထပ်မံဌာပနာတော်မှူခဲ့ပြီးကျန်ရစ်သော ဓာတ်တော် များကိုရွှေနတ်တောင်စေတီတော်၏အရှေ့ဘက်အရပ်ရှိ တောင်တန်းအထက်ရေစင်မြတ်၊တစ်စက်-စက်ယိုစီးရာ နေရာတွင်ဘုရားရှင်၏ဓာတ်တော်​မွေတော်များဖြင့် စက်စက်ယိုစေတီတော်မြတ်ကြီးကိုတည်ထားကိုးကွယ်ခဲ့ပါသည်။ရွှေနတ်တောင်ဘုရားအရှေ့မုဒ်ဦးနှင့် စက်စက်ယိုဘုရားအနောက်မုဒ်ဦးက တစ်တန်းတည်းရှိပြီးဒွတ္တဘောင်မင်းကြီးက ရွှေနတ်တောင်ဘုရားနှင့်စက်စက်ယိုဘုရားအထိအုပ်လမ်း​မကြီးများဖြင့်လမ်းဖောက်လုပ်ခဲ့ပြီးအခုအခါတွင်အချို့နေရာများမှာ အုပ်လမ်းမကြီးကိုတွေရသေးပြီး တချို့မှာ မြေတွင်နစ်မြုပ်၍မြေနီလမ်းများ ထပ်ပိုး၍ပြုပြင်မှူများကြောင့်မတွေ့ရတော့ပါ။ ထိုအပြင် ဖားအိုင့် အရပ်တွင် ဒွတ္တဘောင်မင်းကြီးလက်ထက်တော်က တည်ထားခဲ့သော ဘုရားပုထိုးစေတီပေါင်း (၇) ဆူ ရှိပြီး၊ ထိုအပြင် တောင်တန်းတစ်လျောက်တွင်တည်ထားခဲ့သောရှေးဟောင်း စေတီ (၇)ဆူရှိပြီး စုစုပေါင်း (၁၄) ဆူ ရှိသည်ဟုသိရပါသည်။ပြသိန်းတန်သိဒ္ဓိစေတီတော်သည် ပန်ထွာဘုရင်မ နှင့်ဗိဿနိုးမိဖုရားတို့၏ဆွေတော်မျိုးတော်များ၏အရိုးအိုးများဖြင့်တည်ထားကိုးကွယ်ထားပြီး၊ထိုအတူ ယခုရန်ငြိမ်းအောင်စေတီတော်တွင်လည်းသီရိစန္ဒဒေဝီမိဘုရား မြေးတော် စန္ဒင်္ဒပ၊ စန္ဒရူပ ညီနောင်နှစ်ပါးနှင့်ရသေ့ကြီးတို့တည်ထားကိုးကွယ်ခဲ့သောရှေးဟောင်းသမိုင်းဝင်များဘုရားများဖြစ်သည်ဟုသမိုင်းများအရသိရပါသည်။[၁]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၁၁)