စစ်စတီစကိုးစစ်
စစ်စတီစကိုးစစ် (အင်္ဂလိပ်: Cysticercosis) ဆိုသည်မှာ ဝက်များတွင် ရှိသော သံကောင် (တုတ်ကောင်)(တုတ်ပြားကောင်)၏တုတ်ကောင်ပေါက်လေးများ(cysticercus)သည် လူ၏ ခန္တာကိုယ်တစ်သျှူး တွင်းသို့ ကူးစက်ဖြစ်ပွားမှု (Taenia solium) ဖြစ်သည်။[၁][၂] လူများတွင် နှစ်ပေါင်းများစွာ ရောဂါလက္ခဏာ အနည်းအကျဉ်းမျှသာပြသခြင်း သို့မဟုတ် လုံး၀ မပြဘဲနေခြင်း များဖြစ်တတ်သည်။ အရေပြားနှင့် ကြွက်သားများတွင် နာကျင်မှုမရှိသော တစ်စင်တီမှ နှစ်စင်တီမီတာခန့်ရှိ အတုံးလိုက်အဖုအကျိတ် ဖြစ်ပေါ်နိုင်သည် သို့မဟုတ် ဦးနှောက်တွင် ထိခိုက်မှုရှိခဲ့ပါက နျူရို စစ်စတီစကိုးစစ် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ (ထိခိုက်မှုဆိုင်ရာ)အသွင်အပြင်လက္ခဏာများ ပြတတ်သည်။ [၃][၄] နှစ်၊ လ၊ ရှည်ကြာလာသော် ယင်းအဖုအကျိတ်များသည် နာကျင်လာခြင်း ရောင်ရမ်းလာခြင်းဖြစ်နိုင်သော်လည်း ပြန်ပျောက်သွားတတ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ယင်းသည် တက်ခြင်း seizure၏ အခြေခံအကြောင်းရင်းတစ်ခုဖြစ်သည်။ [၃]
စစ်စတီစကိုးစစ် | |
---|---|
ဦးနှောက်နှင့်အာရုံကြော စစ်စတီစကိုးစစ် ရောဂါဖိစီးနေသူ တစ်ဦး၏ ဦးနှောက်အတွင်းတွင် စစ်တ် ( cysts ) များစွာ ရှိနေပုံကို (အဲမ်အာရ်အိုင်ခေါ် သံလိုက်ဓာတ်သုံး တုံ့ပြန်အသံ (MRI) ရုပ်ပုံ မှပြသသည်။ | |
အထူးပြု | ကူးစက်ရောဂါ |
ဖြစ်ပေါ်ရခြင်းအကြောင်းရင်းနှင့် ရောဂါ ပိုင်းခြားသတ်မှတ်ခြင်း
ပြင်ဆင်ရန်သံကောင်(တုတ်ကောင်)ဥများပါဝင်သော အစားအစာနှင့် ရေတို့ကို စားသောက်မိခြင်းများကြောင့် အဖြစ်များတတ်သည်။ မချက်ပဲအစိမ်းစားသော ဟင်းသင်းဟင်းသီးဟင်းရွက်များသည် အဓိကအကြောင်းရင်းများဖြစ်သည်။[၂] သံကောင်ပိုး ဥများသည် သံကောင်ရောဂါရှိသူ ဝေဒနာရှင်၏ မစင်မှ လာခြင်းဖြစ်သည်။ ယင်းရောဂါအခြေအနေကို တယ်နီအဲစစ် (taeniasis) ဟုခေါ်သည်။ [၃][၅] တယ်နီအဲစစ်သည် သီးခြားရောဂါတစ်ခုဖြစ်ပြီး စိတ်ချလောက်အောင် သေချာစွာချက်မထားသော လုံလောက်စွာမကျက်သေးသော ဝက်သား ၏ စစ် တ်(cysts )ကို စားခြင်းမှဖြစ်ပေါ်သည်။ [၂] တုတ်ကောင် (သံကောင်)ရောဂါရှိသောသူများနှင် အတူတကွနေထိုင်သူများသည် စစ်စတီ စကိုးစစ် ရောဂါဖြစ်ရန် အလားအလာပိုများသည်။ [၅] ရောဂါ ရှိမရှိစစ်ရန် စစ်တ်အကျိတ်ကို သေးငယ်သောအပ်ဖြင့် ထိုးဖောက်စုပ်ယူစစ်ဆေးခြင်း ဖြင့် ရောဂါပိုင်းခြားဆုံးဖြတ် သိရှိနိုင်သည်။ [၃] ဦးနှောက်တွင်း ရောဂါထိုးဖောက်ဝင်ရောက်မှု ရှိမရှိ စစ်ရန် စီတီ(CT) သို့မဟုတ် အဲမ်အာရ်အိုင်စက်ဖြင့် ဦးနှောက်အား ဓာတ်ပုံများရိုက်ယူခြင်းသည် အသုံးအကျဆုံးဖြစ်သည်။ ဦးနှောက်ပိုင်း ကျောရိုးအရည်cerebral spinal fluid နှင့် သွေးများတွင် အီအိုစီနီဖီးလ်စ်(eosinophils) ခေါ် သွေးဖြူဥများ ပိုမိုတိုးပွားလာမှု များကိုလည်း ညွှန်ပြလက္ခဏာများအဖြစ် အသုံးပြုလေ့ရှိသည်။ [၃]
ကြိုတင်ကာကွယ်ခြင်းနင့် ကုသမှု
ပြင်ဆင်ရန်ကူးစက်မှုမှ ကာကွယ်ရန် တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အထွေထွေသန့် ရှင်းစင်ကြယ်မှုတို့ဖြင့် ထိရောက်စွာကာကွယ်နိုင်သည်။ ယင်းတို့တွင် ဝက်သားကို (ပိုးများသေသေည်အထိ) လုံလောက်စွာ စိတ်ချရလောက်သည်အထိ ကျက်အောင်ချက်ခြင်း၊ ကျန်းမာရေးနှင့် ပြည့်စုံသော(ရေလောင်း) အိမ်သာများရှိခြင်း နှင့် သန့်ရှင်းသော သောက်သုံးရေများ ရရှိသုံးစွဲနိုင်ခြင်းတို့ဖြစ်သည်။ ရောဂါပြန့်ခြင်းမှကာကွယ်ရန် အလို့ငှာ တယ်နီအဲစစ်( taeniasis) ဝေဒနာရှင်များကို ကုသရန် အရေးကြီးသည်။ [၂] ဦးနှောက်နှင့် အာရုံကြောသို့ မထိခိုက်သော ရောဂါများကို ကုသရန် လိုအပ်ချင်မှ လိုအပ်ပေမည်။ [၃] နျူရိုစစ်စတီစကိုးစစ် ရောဂါ ရှိသူများကို ပရဇိကွမ်တဲလ်(praziquantel) သို့မဟုတ်အာလ်ဘဲန်ဒါဇိုးလ်(albendazole) ဆေးဝါးများဖြင့် လည်း ကုသတတ်သည်။ Steroids, စစ်တ်အကျိတ်များကို ခွဲစိတ်နည်းဖြင့်လည်း ခွဲထုတ်တတ်သည်။[၂]
ရောဂါဆက်စပ်၊ ဖြစ်ပျက်၊ ကူးစက်ပြန့်ပွားမှု
ပြင်ဆင်ရန်ဤ ဝက်မှ လာသောတုတ်ကောင်များကို အထူးသဖြင့် အာရှတိုက်၊ အာဖရိကတိုက် ဆဟာရဒေသဝန်းကျင်နှင့် လက်တင်အမေရိကနိုင်ငံများ တို့တွင် တွေ့ ရှိရသည်။ [၃] အချို့ ဒေသများတွင် လူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်အထိ ဤသံကောင် ရောဂါရှိသည်ဟု ယူဆကြသည်။ [၃] တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဤရောဂါသည် အလွန်မှ ရှားပါးသည်။ <refname=Bob2014/> ကမ္ဘာတလွှား ၁၉၉၀ အထိ သေဆုံးခဲ့မှု ၇၀၀ ခန့်ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်အထိ ဤသံကောင်ရောဂါကြောင့် သေဆုံးမှု ၁၂၀၀ ခန့်ရှိသည်။ [၆] စစ်စတီစကိုးစစ်သည် ဝက်နှင့် နွားများတွင်လည်း ဖြစ်ပွားတတ်သော်လည်း ၎င်းတို့သည် အများအားဖြင့် သက်တမ်းတိုသဖြင့် ရောဂါလက္ခဏာအသွင်အပြင် ပြခဲလှသည်။ [၂] ဤ ရောဂါသည် လူသား များတွင် သမိုင်းအစဉ် တစ်လျှောက်လုံးတွင် ဖြစ်ပွားခဲ့သည်။ [၇] ယင်းရောဂါသည် လျစ်လျူရှု ခံရသော အပူပိုင်းဒေသဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည်။[၈]
ကိုးကား ရည်ညွှန်း စာရွက်စာတမ်းများ
ပြင်ဆင်ရန်- ↑ Roberts၊ Larry S.; Janovy, Jr.၊ John (2009)။ Gerald D. & Larry ယ= S. Roberts' Foundations of Parasitology (8 ed.)။ Boston: McGraw-Hill Higher Education။ pp. 348–351။ ISBN 978-0-07-302827-9။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ [http://www.who.int/mediacentre/factsheets/fs376/en/ Taeniasis/Cysticercosis Fact sheet N°376]။ World Health Organization (February 2013)။ 18 March 2014 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ၃.၇ García HH, Gonzalez AE, Evans CA, Gilman RH (August 2003). "Taenia solium cysticercosis". Lancet 362 (9383): 547–56. doi: . PMID 12932389. PMC:3103219.
- ↑ {{cite journal |author=García HH, Evans CA, Nash TE, etal. |title=Current consensus guidelines for treatment of neurocysticercosis |journal=Clin. Microbiol. Rev. |volume=15 |issue=4 |pages=747–56 |date=October 2002 |pmid=12364377 |pmc=126865 |doi=10.1128/CMR.15.4.747-756.2002 |url=http://cmr.asm.org/cgi/pmidlookup?view =long&pmid=12364377 }}[လင့်ခ်သေ]
- ↑ ၅.၀ ၅.၁ CDC - Cysticercosis။
- ↑ Lozano R, Naghavi M, Foreman K, et al. (December 2012). "Global and regional mortality from 235 causes of death for 20 agegroups in 1990 and 2010: a systematic analysis for the Global Burden of Disease Study 2010". Lancet 380 (9859): 2095–128. doi: . PMID 23245604.
- ↑ Bobes RJ, Fragoso G, Fleury A, et al. (April 2014). "[http://linkinghub.elsevier.com/retrieve/pii/S1567- 1348(14)00053-7 Evolution, molecular epidemiology and perspectives on the research of taeniid parasites with special emphasis on Taenia solium]". Infect. Genet. Evol. 23: 150–60. doi: . PMID 24560729.
- ↑ Neglected Tropical Diseases (June 6, 2011)။ 28 November 2014 တွင် ပြန်စစ်ပြီး။