စစ်စလီငယ်

(ဘဲ) ငှက်မျိုးစိတ်
စစ်စလီငယ် (သို့) စစ်စလီရေဝမ်းဘဲ
(အင်္ဂလိပ်: Lesser Whistling Duck)
Dendrocygna javanica - Chiang Mai.jpg
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်တွင် ရိုက်ကူထားသည့် စစ်စလီငယ် တစ်ကောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Anseriformes
မျိုးရင်း: Anatidae
မျိုးရင်းသေး: Dendrocygninae
မျိုးစု: Dendrocygna
မျိုးစိတ်:
D. javanica
ဒွိနာမ
Dendrocygna javanica
(Horsfield, 1821)
DendrocygnaMap.svg
အစိမ်းရောင်။ အမြဲနေထိုင်ကျက်စားရာ ဒေသ

အပြာရောင်။ နွေရာသီကျက်စားရာ ဒေသ

စစ္စလီ ရေဝမ်းဘဲ (Lesser Whistling Duck) အား အိန္ဒိယစစ္စလီဘဲ၊ စစ္စလီငယ် ဟုလည်း ခေါ်လေ့ရှိသည်။ စစ္စလီ ရေဝမ်းဘဲသည် စစ္စလီ မျိုးစိတ်ဖြစ်ပြီး အိန္ဒိယကျွန်းဆွယ်နှင့် အရှေ့တောင်အာရှတို့တွင် ပေါက်ဖွားသော ဒေသရင်း ငှက် မျိုးစိတ်ဖြစ်လေသည်။

စစ္စလီဘဲများသည် ညအချိန်တွင် အစာရှာသည့် ငှက်များဖြစ်ကြသဖြင့် နေ့ခင်းဘက်တွင် ယင်းတို့အား ရေကန်များနှင့် စိုစွတ်သော လယ်ကွင်းများတွင် တွေ့ရှိနိုင်သည်။ စစ္စလီဘဲများမှာ သစ်ပင်ပေါ်တွင်လည်း ကောင်းစွာ ရပ်နိုင်သွားလာနိုင်သောကြောင့် တခါတရံ သစ်ပင်၏အပေါက်တွင် ၎င်းတို့၏ အသိုက်ကို ဆောက်လေ့ရှိသည်။

အတောင်ပံ၏ အပြင်ဘက် ပုံသဏ္ဌာန်သည် ပျံသန်းရာတွင် လေချွန်သံထွက်လာရခြင်း၏ အကြောင်းရင်းဖြစ်သည်။

စစ္စလီ မျိုးစုဝင်ဖြစ်သည့် အတိုင်းပင် ပျံသန်းရာတွင် ၎င်း၏လည်ပင်ရှည်ကြီးနှင့် ကျယ်လောင်သော လေချွန်သကဲ့သို့ အသံနှစ်ချက်ဆင့်ထုတ်ပြီး ၎င်း၏ကျယ်ပြန့်သည့် အတောင်များကိုလည်း ကောင်းမွန်ထင်ရှားစွာ မြင်ရသည်။

စစ္စလီ ရေဝမ်းဘဲ၏ ထူးခြားချက်မှာ ဘဲမြီးပိုင်းတွင် နို့နှစ်ရောင်ရှိသော ထင်ရှားသည့် ဖင်မြီးပါရှိ၍ ထိုအချက်သည် ၎င်းနှင့်မျိုးတူဖြစ်သည့် စစ္စလီကြီးနှင့် ကွဲပြားသွားစေသည်။

(en: Whistling, ဝှစ်စလင်း) ဟူသည့် အင်္ဂလိပ် အမည်နှင့် မြန်မာအမည် စစ်စလီ တို့သည့် ဆက်စပ်မှုရှိနိုင်သည်။

ဘဲပေါက်လေးများ၏ အရောင်သည် ဖြူမည်း စင်းကျားဖြစ်သည်။
ရေပြင်ပေါ်သို့ အုပ်လိုက် ဆင်းသက်လာသည့် စစ္စလီ ရေဝမ်းဘဲများ (ကာလကတ္တားအိန္ဒိယနိုင်ငံ)
ပျံသန်းရာတွင် ထင်ထင်ရှားရှား မြင်ရသော တောင်ပံကျယ်ကြီးများ

ကိုးကားပြင်ဆင်

  1. BirdLife International (2012). "Dendrocygna javanica". IUCN Red List of Threatened Species 2012. IUCN. 

ပြင်ပလင့်များပြင်ဆင်