စစ်တမ်းဆိုသည်မှာ ရှေးမြန်မာ ဘုရင်များလက် ထက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ခံတို့အား စစ်ချက်ထုတ်သော မှတ်တမ်း ဖြစ်သည်။ စစ်တမ်းစတင် ပေါ် ပေါက်သောကာလကို တိကျစွာ မသိရပေ။ မင်းကြီးစွာစော်ကဲ လက်ထက်မှ စတင်၍ စစ်တမ်းကောက်ခံသည်ဟု မှတ်သားရ သော်လည်း ထိုစစ်တမ်းကို ယခုအခါ ရှာဖွေ၍ မတွေတော့ပေ။ ဆင်ဖြူရှင်မင်းလက်ထက် ကောက်ခံသော ၁၁၂၆-ခုနှစ်စစ်တမ်း များ၊ ၁၁၂၇-ခုနှစ် စစ်တမ်းများ၊ ဘိုးတော်ဘုရားလက်ထက် ကောက်ခံသော ၁၁၄၅-ခုနှစ် စစ်တမ်းများ၊ ၁၁၄၆-ခုနှစ် စစ် တမ်းများ၊ ၁၁၆၄-ခုနှစ် စစ်တမ်းများကိုသာ တွေရသည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး လက်ထက်မှ တပါး အခြားမင်းများလက်ထက်တွင် စစ်တမ်းများ ကောက်ခံကြ ဟု အဆိုရှိသည်။ သီပေါမင်းလက်ထက်တွင် ၁၂၄၄ ခု တပို့တွဲလ၌ ၁၁၄၅ ခု စစ်တမ်း နှစ်တရာ ရှိပြီဖြစ်၍ စစ်တမ်း ထပ်တူဆက် သွင်းစေသည်။

မြို့ရွာများတွင် အခွန်ကောက်ခံပုံများ မရှင်းမလင်း ဖြစ်လာ သောအခါ၌ သော်လည်းကောင်း၊ ထမ်းရိုးရွက်ရိုးအစီအစဉ်များ မရှင်းမ လင်းသောအခါ၌သော်လည်းကောင်း၊နယ်နိမိတ်များ မရှင်းလင်းသောအ ခါ၌သော်လည်းကောင်း၊မင်းက အခွန်ဘဏ္ဍာ လျော့ပါးသည်ဟု ထင်မြင် သောအခါ၌သော်လည်းကောင်း၊ စစ်တမ်း ကောက်ယူလေ့ ရှိပါ သည်။ စစ်တမ်းများတွင် ယေဘုယျအားဖြင့် အစဉ်အလိုက် ပါ တတ်သည့်အကြောင်းအရာတို့ကား မည်သည့်ခုနှစ် မည်သည့်နေ့ ၌မည်သူအား စစ်မေးပုံနယ်မြေသမိုင်း၊အုပ်ချုပ်သူတို့၏ မျိုးရိုး နယ်မြေ အပိုင်းအခြား၊ ယင်းနယ်မြေတွင်ရှိသော မြေအမျိုး အစား၊ယင်းနယ်ပယ်တွင် စိုက်ပျိုးသောသီးနှံနှင့်အခွန်ကောက်ခံ ပုံ၊ပစ္စည်းရောင်းဝယ်ရာ၌ အခွန်တော်ပေးရပုံ၊ ထွက်ကုန်အပေါ် အခွန်ကောက်ခံပုံ၊ အရှင်မရှိသော ကျွဲနွားများကိုစီရင်ပုံ၊ ဘုရင် ကမြို့သူကြီးများအား မည်သို့ အဆောင်အရွက် တာဝန် ပေး ပုံ၊ ယင်းမြို့သူကြီးကွယ်လွန်က သဂြိုဟ်ရသည့်ထုံးစံ၊ မိ နယ်စားတို့က ဘုရင်ထံသို့ လက်ဆောင်ပေးရပုံ စသည့် ၏ စီးပွားစနစ်၊ အုပ်ချုပ်ရေးစနစ်၊ဓလေ့ ထုံးတမ်းများ ၂ သည်။ စစ်တမ်းကို လေ့လာခြင်းအားဖြင့် ထိုခေတ်က ပေသည်။ ဒေသသမိုင်းကို သိရလေသည်။ စစ်တမ်းသည်သမိုင်းအတွက်အလွန်အဖိုးတန်သော အထောက်အထားများ ဖြစ်ပေသည်။[]


  1. ဦးစိန်မြင့်(လုပ်သားများကောလိပ်)ရေး၊ မြန်မာနိုင်ငံသမိုင်း အဘိဓာန်၊ ၁၉၆၈၊ နိုဝင်ဘာ(၂၄)ရက်၊ စာ-၁၀၃/၁၀၄