ဦးစစ်တိုင်းအောင် (၁၃ နိုဝင်ဘာ ၁၉၇၁ ဖွား)[၁] သည် မြန်မာစီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်သည်။မြန်မာစစ်တပ် နှင့်နီးကပ်သည့် ဆက်ဆံရေးကို ထူထောင်ထားပြီး နည်းပညာနှင့်လက်နက်ပွဲစား အပါအဝင် [၂] လိုအပ်သောကုန်ကြမ်းများတင်သွင်းခြင်း၊သစ်တောနှင့် သယံဇာတထုတ်ယူခြင်း စသည်တို့ကို အဓိကဆောင်ရွက်သည်။သူသည် နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီ Yatanarpon Aviation Support Company နှင့် Suntac Technologies Company တို့ကို ထူထောင်ထားသည့် အပြင် လက်ရှိတွင် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။[၃]

စစ်တိုင်းအောင်
မွေးဖွား (1971-11-13) နိုဝင်ဘာ ၁၃၊ ၁၉၇၁ (အသက် ၅၂)
နိုင်ငံလူမျိုးမြန်မာ
ကျော်ကြားမှုအရင်းခံစစ်လက်နက်ပစ္စည်းများ အဓိကတင်သွင်းသူ
အိမ်ထောင်ဖက်(များ)ယဉ်ဝင်းဝင်းအောင်
သားသမီးတိုင်းနန္ဒီအောင် ၊ တိုင်းအိ န္ဒြေအောင်
ရရှိသည့်ဆုများမက္ကစီကိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်

စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း ပြင်ဆင်ရန်

သူသည် ဖခင်ဖြစ်သူ သစ်တောဝန်ကြီးဟောင်း ဦးအောင်ဖုန်း ၏ အရှိန်အဝါကြောင့် စီးပွားရေးလောက ထဲ အချိန်ခဏအတွင်း နေရာရခဲ့သည်။သူသည် ဦးတေဇ သစ်ထုတ်လုပ်နိုင်ရေး နောက်ကွယ်မှ စင်တင်ပေးသူဖြစ်သည်။ဧရာဝတီသတင်းဌာနက သူ့ကို မြန်မာစစ်တပ်နှင့် နီးစပ်ပြီး စစ်လက်နက် တင်သွင်းပေးခြင်းအပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ခွင့် ရရှိကြသည့် အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များထဲ မှ တစ်ဦးဟု ဖော်ညွှန်းသည်။[၄] ၂၀၁၀ နောက်ပိုင်းတွင် ၎င်း၏ စီးပွားရေးအင်ပါယာကို ချဲ့ထွင်သည်။ မြန်မာစစ်တပ် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များနှင့်လည်း နီးကပ်သည့် ဆက်ဆံရေး ထားရှိသည်။ယင်းအချက်ကြောင့် သူသည် မြန်မာ့ တပ်မတော် ၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတချို့ တည်ဆောက်ရေးနှင့် လက်နက် ထုတ်လုပ်ရေး အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို Military Import သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့် ရရှိသည်။ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သော Ukroboronservice ကုမ္ပဏီထံမှ လေယာဉ် စက်ပစ္စည်းများကို ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာ့စစ်တပ်အတွက် တင်သွင်းပေးခဲ့သော Yatanarpon Aviation Support ကုမ္ပဏီ သည် ဦးစစ်တိုင်းအောင်၏ ကုမ္ပဏီဖြစ်သည်။[၅]

အရေးယူပိတ်ဆို့ ခံရခြင်း ပြင်ဆင်ရန်

သူသည် မြန်မာ့တပ်မတော် နှင့် အထူးရင်းနှီးသည့် ဆက်ဆံရေးရှိသည့်အပြင် လိုအပ်သောစစ်လက်နက်တင်သွင်းရာတွင် ကြီးစွာ ပူးပေါင်းဆောင်ရွက်မှုများစွာဆောင်ရွက်ခဲ့မှုကြောင့် အမေရိကန်၊ဗြိတိန်နှင့်ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုများဆောင်ရွက်သည်။[၆] [၇]

မိသားစုဘဝ ပြင်ဆင်ရန်

သူ၏ ဖခင်ဖြစ်သူမှာ ယခင်စစ်အစိုးရ သစ်တောဝန်ကြီး ဦးအောင်ဖုန်း ဖြစ်သည်။ဇနီးဖြစ်သူမှာ ဒေါ်ယဉ်ဝင်းဝင်းအောင် ဖြစ်ပြီး တိုင်းနန္ဒီအောင် နှင့် တိုင်းအိန္ဒြေအောင် ဆိုသည့် သမီး ၂ဦး ထွန်းကားသည်။

ကိုးကား ပြင်ဆင်ရန်

  1. Sit Taing Aung is subject to sanctions.Open Sanctions။ 1 November 2023 တွင် ပြန်စစ်ပြီး။
  2. Low-Profile Junta Crony Imports and Makes Arms for Myanmar’s MilitaryThe Irrawaddy (5 November2021)။ 1 November2023 တွင် ပြန်စစ်ပြီး။
  3. သံနှင့် သံမဏိလုပ်ငန်း စက်မှုဇုန်စီမံကိန်းကို စတင်နိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး လေးခုတွင် လေ့လာမှုများ ဆောင်ရွက်လျက်ရှိMyanmar Digital News (၂၈ ဖေဖော်ဝါရီ ၂၀၂၀)။ ၁ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်ဧရာဝတီသတင်း (၃ နိုဝင်ဘာ ၂၀၂၁)။ ၁ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. JUSTICE FOR MYANMAR WELCOMES CANADIAN, UK AND US ARMED FORCES DAY SANCTIONSJUSTICE FOR MYANMAR (26 March 2022)။ 1 November 2023 တွင် ပြန်စစ်ပြီး။
  6. US sanctions Myanmar’s junta-controlled state oil and gas enterpriseThe Guardian (31 October 2023)။ 1 November 2023 တွင် ပြန်စစ်ပြီး။
  7. Treasury Prohibits Financial Services with Myanma Oil and Gas Enterprise and Imposes Additional Sanctions on Burma Military Regime Officials and SupportersU.S. DEPARTMENT OF THE TREASURY (31 October 2023)။ 1 November 2023 တွင် ပြန်စစ်ပြီး။