စစ်တွေညိုသန့်၏ အမည်ရင်းမှာ ဦးထွန်းအောင်ရွှေ ဖြစ်သည်။[၁] အဖ ဦးရွှေတိုင် (အလယ်တန်းကျောင်းအုပ်ဆရာကြီး)၊ အမိ ဒေါ်ဒေါနဖြူ တို့မှ (၁၉၅၁) ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ စစ်တွေမြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်း (၁၂) ယောက်အနက် ပဉ္စမမြောက်သား ဖြစ်သည်။

စစ်တွေညိုသန့်
မွေးဖွားထွန်းအောင်ရွှေ
(၁၉၅၁-0၆-၁၉) ဇွန် ၁၉၊ ၁၉၅၁ (အသက် ၇၂)
စစ်တွေမြို့
အလုပ်အကိုင်ကဗျာဆရာ | မြန်မာစာပြ ပြင်ပဆရာ
နိုင်ငံလူမျိုး မြန်မာ
လူမျိုးရခိုင်
ပညာရေးဝိဇ္ဇာ (မြန်မာစာ)
စာပေအမျိုးအစားကဗျာ
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ငယ်စဉ်က ဖခင်တာဝန်ကျရာ မြောက်ဦးမြို့တွင် နေထိုင်ကြီးပြင်းခဲ့ပြီး၊ စစ်တွေ အ.ထ.က (၁) မှဆယ်တန်း အောင်မြင်ခဲ့သည်။ (၁၉၇၃) ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာ (မြန်မာစာ) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၄ ခုနှစ် မေလ (၂) ရက်နေ့တွင် ဒေါ်တင်ဦး နှင့် အိမ်ထောင်ပြု အကြောင်းပါခဲ့သည်။  (၁၉၈၉) ခုနှစ်တွင် ချစ်ဇနီး ဒေါ်တင်ဦး ကွယ်လွန်ပြီးနောက် သားသမီး (၄) ဦးနှင့်အတူ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းတွင် လက်ရှိနေထိုင်လျက်ရှိပြီး၊ မြန်မာစာပြ ပြင်ပဆရာအဖြစ် ဘဝကို ရပ်တည်လျက်ရှိသည်။

စာပေရေးရာ ပြင်ဆင်ရန်

အသက် (၁၄) နှစ်သားအရွယ်ကပင် ကဗျာစတင်ရေးသားခဲ့ပြီး၊ (၁၉၇၃)ခု၊ မတ်လထုတ် ငွေတာရီ မဂ္ဂဇင်းပါ "ကပိလဝတ်ခရီး" ကဗျာဖြင့် စာပေလောကကို စတင်ဝင်ရောက်ခဲ့သည်။ တိုင်းရင်းမေ ဂျာနယ်၊ ယုဝတီ ဂျာနယ်၊ ငွေတာရီမဂ္ဂဇင်း၊ မဟေသီ မဂ္ဂဇင်း၊ နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း ၊ ရတနာပန်းခင်း မဂ္ဂဇင်း၊ ဒဂုံ မဂ္ဂဇင်း၊ တို့ကျောင်းသား စာစောင် စသည့် စာနယ်ဇင်းများနှင့် ဒေသထုတ် မြို့နယ် မဂ္ဂဇင်းများတွင် ကဗျာများ ဆက်တိုက်ရေးသားခဲ့သည်။


မောင်ကြီးသျှင်ပြောမေ သံချပ် (၁) ၊ မောင်ကြီးသျှင်ပြောမေ သံချပ်(၂) ၊ မောင်ကြီးသျှင်ပြောမေ သံချပ် (၃) [၂] ရခိုင်သံချပ်ကို ကိုယ်တိုင်ရေးသားစီစဉ်ပြီး၊ ပါဝင်သီဆို ထုတ်ဝေခဲ့သည်။ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့မှ တင်ဆက်သည့် အငြိမ့်ခန်း နှင့် ပြဇာတ်ပေါင်းများစွာတို့ကို ဒါရိုက်တာအဖြစ် စီစဉ်တင်ဆက်ခဲ့သည်။[၃][၄] စစ်တွေတက္ကသိုလ်ဖွင့်ပွဲ၊ ဗုဒ္ဓပြတိုက်ဖွင့်ပွဲ၊ စစ်တွေဈေးသစ်ကြီးဖွင့်ပွဲ နှင့် လမ်းတံတား ဖွင့်ပွဲဆိုင်ရာ ရတုများစွာကိုလည်း ရေးသားခဲ့သည်။

ရခိုင်မဂ္ဂဇင်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ရခိုင်မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင်၊ ရခိုင့်ယဉ်ကျေးမှု အဖွဲ့ဝင်၊ ပြည်နယ်အဆင့် ဆိုကရေးတီးပြိုင်ပွဲ အရေးပြိုင်ပွဲ နှင့် ယိမ်းအကပြိုင်ပွဲတို့တွင် ဒိုင်ချုပ်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် အဖြစ် စာပေယဉ်ကျေးမှုဆိုင်ရာ တာဝန်များ ထမ်းဆောင်ခဲ့သည်။ [၅]

အောင်မြင်မှုရရှိခဲ့သော ဆုများ ပြင်ဆင်ရန်

- (၁၉၆၉) မန္တလေးတက္ကသိုလ် သမိုင်းအသင်း ခရီးသွားဆောင်းပါးပြိုင်ပွဲ တတိယဆု၊

- (၁၉၇၂) ခုနှစ်၊ မန္တလေးတက္ကသိုလ် စာဆိုတော်နေ့ စာပေပြိုင်ပွဲ ကဗျာ တတိယဆု၊

- (၁၉၇၃) ခုနှစ်၊ လွတ်လပ်ရေးနေ့ ငွေရတု အထိမ်းအမှတ် မန္တလေးတိုင်း စာပေပြိုင်ပွဲ ကဗျာ ဒုတိယဆု၊

- (၁၉၇၆) ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကဗျာ ဒုတိယဆု၊

- (၁၉၇၉) ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကဗျာ ဒုတိယဆု၊

- (၂၀၀၂) ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကဗျာ နှစ်သိမ့်ဆု၊

- (၂၀၀၅) ခုနှစ် အမေ့မေတ္တာ စာမူပြိုင်ပွဲ ကဗျာရှည် ဒုတိယဆု၊

- (၂၀၀၇) ခုနှစ် ဆရာဇော်ဂျီ ရာပြည့်အထိမ်းအမှတ် ဖိတ်ခေါ်ကဗျာပြိုင်ပွဲ တတိယဆု တို့ကို အသီးသီး ရရှိခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ဦးထွန်းအောင်ရွှေ ပြောသော ကဗျာဆရာ စစ်တွေညိုသန့် ဘဝကောက်ကြောင်း အပိုင်း (၁)Development Media Group (9 ဩဂုတ် 2019)။
  2. မောင်ကြီးသျှင်ပြောမယ်Hooligans Group။ 22 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2020 တွင် ပြန်စစ်ပြီး။
  3. စစ်တွေမြို့၌ (၄၃) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပ[လင့်ခ်သေ]
  4. ဦးဥတ္တမ အောက်မေ့ဖွယ် အခမ်းအနား ပါတီများ ဦးဆောင်ကျင်းပMizzima News (September 11, 2012)။
  5. ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ဖွင့်လှစ်[လင့်ခ်သေ]