စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး

စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး (ကကနက်) မှာ ဗိုလ်ချုပ် ဝင်းလွင် ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး
ကကနက်
စစ်လက်နက်ပစ္စည်းတပ်ဖွဲ့တံဆိပ်
လှုပ်ရှားချိန်၁ ဒီဇင်ဘာ ၁၉၄၇ (၇၆ နှစ် အကြာက) (၁၉၄၇-၁၂-01) — လက်ရှိ
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
ညွှန်ကြားရေးမှူးရုံး
ဆောင်ပုဒ်Ordnance for Combat, Provision for Victory
နှစ်ပတ်လည်များ၁ ဒီဇင်ဘာ ၁၉၄၇
အုပ်ချုပ်သူများ
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ညွှန်ကြားရေးမှူးဗိုလ်ချုပ် ဝင်းလွင်

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့၏ No.(226), Advance Ordnance Depot မှ ၂ နှစ်စာ စစ်လက်နက်ပစ္စည်းများအား မြန်မာ့တပ်မတော်အတွက် လွှဲပြောင်းပေးခဲ့ရာ ယင်း လွှဲပြောင်းပေးခဲ့သည့် ၁-၁၂-၁၉၄၇ ရက်တွင် ဗမာ့တပ်မတော်စစ်လက်နက်ပစ္စည်းတပ် Burma Army Ordnance Depot အား စတင်တည်ထောင်ခဲ့ပြီး အဆိုပါနေ့ရက်အား စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြပါသည်။ စတင်ဖွဲ့စည်းစဉ် Burma Army Ordnance Depot နှင့် Maymyo Ordnance Area Dump ဟူ၍ ၂ တပ်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

၁၉၄၈ ခုနှစ်မှ ယနေ့ထိ စစ်လက်နက်ပစ္စည်းတပ်များ၊ ခဲယမ်းမီးကျောက်တပ်များနှင့် ယာဉ်သိုလှောင်ရေးတပ်များ တိုးချဲ့ခဲ့ပြီး စစ်လက်နက်ပစ္စည်းများ ထိန်းသိမ်း၊ ထောက်ပံ့ပေးလျက်ရှိပါသည်။

လက်အောက်ခံ တပ်များ ပြင်ဆင်ရန်

လက်အောက်ခံတပ်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

  1. ပင်မစစ်လက်နက်ပစ္စည်းတပ် (နတ်မောက်)
  2. ပင်မစစ်လက်နက်ပစ္စည်းတပ် (မန္တလေး)
  3. ပင်မခဲယမ်းမီးကျောက်တပ် (မန္တလေး)
  4. ပင်မခဲယမ်းမီးကျောက်တပ် (တောင်တွင်းကြီး)
  5. စစ်လက်နက်ပစ္စည်းသင်တန်းကျောင်း
  6. ပင်မယာဉ်သိုလှောင်ရေးတပ်(မန္တလေး)
  7. ပင်မယာဉ်သိုလှောင်ရေးတပ်(ပျဉ်းမနား)

တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးများ ပြင်ဆင်ရန်

စဉ် ပြန်တမ်းဝင်အမှတ် အဆင့် အမည် တာဝန်ထမ်းဆောင်ခဲ့သောကာလ
မှ ထိ
ကြည်း ၅၀၃၈ ဒုဗိုလ်မှူးကြီး အေအမ်ဟာဒီ ၂၂-၁၂-၁၉၄၇ ၁၀-၇-၁၉၅၁
ကြည်း ၃၅၉၀ ဒုဗိုလ်မှူးကြီး မောင်ဘို ၁၁-၇-၁၉၅၁ ၂၅-၈-၁၉၅၄
ကြည်း ၃၅၇၉ ဒုဗိုလ်မှူးကြီး မောင်သောင်း ၂၆-၈-၁၉၅၄ ၄-၁၀-၁၉၅၄
ကြည်း ၅၀၃၈ ဗိုလ်မှူး အေအမ်ဟာဒီ ၅-၁၀-၁၉၅၄ ၁၉-၉-၁၉၅၅
ကြည်း ၃၅၄၀ ဗိုလ်မှူးကြီး ဗိုလ်ဝင်း ၂၀-၉-၁၉၅၅ ၁၀-၈-၁၉၆၇
ကြည်း ၃၉၁၃ ဗိုလ်မှူးကြီး လှဆွေ ၁၁-၈-၁၉၆၇ ၄-၈-၁၉၇၅
ကြည်း ၆၄၅၄ ဗိုလ်မှူးကြီး မျိုးညွှန့် ၄-၈-၁၉၇၅ ၂၅-၈-၁၉၇၅
ကြည်း ၆၀၈၄ ဗိုလ်မှူးကြီး သောင်းဒန် ၂၆-၈-၁၉၇၅ ၂၆-၃-၁၉၈၃
ကြည်း ၆၄၂၈ ဗိုလ်မှူးကြီး သန်းလွင် ၂၇-၃-၁၉၈၃ ၃၁-၅-၁၉၈၃
၁၀ ကြည်း ၇၃၅၁ ဗိုလ်မှူးကြီး မျိုးဆွေ ၁-၆-၁၉၈၃ ၇-၈-၁၉၈၃
၁၁ ကြည်း ၇၈၇၅ ဗိုလ်မှူးကြီး မောင်အေး ၈-၈-၁၉၈၃ ၁၃-၁၁-၁၉၈၅
၁၂ ကြည်း ၃၅၂၀ ဗိုလ်မှူးကြီး ခင်မြင့် ၁၃-၁၁-၁၉၈၅ ၉-၅-၁၉၈၈
၁၃ ကြည်း ၈၈၀၃ ဗိုလ်မှူးချုပ် သိန်းထွန်း ၉-၅-၁၉၈၈ ၂၄-၆-၁၉၉၇
၁၄ ကြည်း ၁၀၃၀၁ ဗိုလ်မှူးချုပ် ကျော်ဝင်း ၂၄-၆-၁၉၉၇ ၁၄-၅-၁၉၉၈
၁၅ ကြည်း ၁၂၆၂၈ ဗိုလ်မှူးချုပ် ချစ်သန်း ၁၄-၅-၁၉၉၈ ၉-၈-၂၀၀၀
၁၆ ကြည်း ၁၂၆၄၁ ဗိုလ်ချုပ် လှထွန်း ၉-၈-၂၀၀၀ ၆-၂-၂၀၀၃
၁၇ ကြည်း ၁၂၂၉၇ ဗိုလ်ချုပ် စိန်လင်း ၆-၂-၂၀၀၃ ၂-၁-၂၀၁၂
၁၈ ကြည်း ၁၄၂၇၂ ဗိုလ်ချုပ် လှဝင်း ၂-၁-၂၀၁၂ ၂၄-၄-၂၀၁၅
၁၉ ကြည်း ၁၅၁၇၂ ဗိုလ်ချုပ် ဇော်ဇော် ၂၅-၄-၂၀၁၅ ၁၈-၃-၂၀၁၈
၂၀ ကြည်း ၂၀၁၆၉ ဗိုလ်ချုပ် သန့်ဇင် ၁၈-၃-၂၀၁၈ ၂၃-၁-၂၀၂၀
၂၁ ကြည်း ၂၁၉၁၃ ဗိုလ်ချုပ် ဝင်းလွင် ၂၃-၁-၂၀၂၀ ယနေ့ထိ

ကိုးကား ပြင်ဆင်ရန်