စစ်ဦးစီးမှူး

တပ်ဖွဲ့တစ်ခုခုအတွက် ဦးစီးတာဝန်ပိုင်း ဆောင်ရွက်လုပ်ကိုင်ရသော တပ်မတော်အရာရှိများအစုအဖွဲ့
(စစ်ဦးစီးမှူး(ပထမတန်း) မှ ပြန်ညွှန်းထားသည်)

စစ်ဦးစီးမှူး ဆိုသည်မှာ တပ်မတော်၏ ပြန်တမ်းဝင် အရာရှိများကိုသာ ခန့်အပ်သောရာထူး အခေါ်အဝေါ်တစ်ခု ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Staff (သို့) Military Staff ဟုခေါ်ဆိုသည်။ ၎င်းရာထူးခန့်အပ်ခံရသော ပြန်တမ်းဝင် တပ်မတော်အရာရှိများသည် ဦးစီးတာဝန်နှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာတာဝန်များအား အဓိက ထမ်းဆောင်ရသည်။

စစ်ဦးစီးမှူး ဟူသော အခေါ်အဝေါ်အား စစ်ဦးစီးပိုင်းဆိုင်ရာ ဦးစီးအရာရှိများ၏ ရာထူးအခေါ်များအတွက်သာ သုံးနှုန်းပြီး ကျန် စစ်ရေး၊ စစ်ထောက်ပိုင်းဆိုင်ရာ ဦးစီးအရာရှိများ၏ ရာထူးအခေါ်အား ဦးစီးအရာရှိ(စစ်ရေး)ဦးစီးအရာရှိ(စစ်ထောက်) ဟု သုံးနှုန်းပါသည်။ အသုံးအနှုန်း ကွဲပြားသော်လည်း ရာထူးများ၏ အဆင့်အတန်းမှာ တန်းတူဖြစ်သည်။

{ ဥပမာ ။ ။ စစ်ဦးစီးမှူး-ဒုတိယတန်း(စီမံ/လေ့ကျင့်) ၊ ဦးစီးအရာရှိ-တတိယတန်း(ဖြည့်/ထိန်း) }

ကိုးကား ပြင်ဆင်ရန်