စစ်ပင်သည် 'လီဂူမီနိုးစီး'မျိုးစဉ်တွင်၎င်း၊ 'မိုင်မိုစီ'မျိုးစဉ် ခွဲတွင်၎င်း ပါဝင်သည်။ ယင်းကို သိပ္ပံအမည်အားဖြင့် 'အယ်လ ဗစ်ဇိယာ ပရိုစာရာ' (Albizia procera) ဟု ခေါ်သည်။ အမြင့်ပေ ၈ဝရှိ၍၊ ပင်စည် ရှည်လျားသည်။ ပင်စည်ကိုင်းနေသည်ကို အများအားဖြင့်တွေ့ရ သည်။ အပင်၏ အမြင့်ပိုင်းတွင် အကိုင်းအလက်များ ဖြာထွက် သည်။ အရွက်များ အုပ်အုပ်ဆိုင်းဆိုင်း မရှိချေ။ နွေရာသီတွင် အရွက်များကြွေသည်။ အရွက်မှာ ငှက်မွေးကဲ့သို့သော ရွက်ဆိုင် များ နှစ်ထပ်ရှိ၍၊ ရုက္ခဗေဒအလိုအားဖြင့် နှစ်ခါငှက်မွေးရွက် ပေါင်းဟု ခေါ်သည်။ ထိုအရွက်တွင် ငှက်မွေးပုံ ရွက်ငယ်သုံးစုံ မှ လေးစုံထိပါရှိသည်။ အပွင့်အရောင်မှာ အဖြူရောင် ဖြစ်သော် လည်း၊ အဝါရောင်သန်း နေသည်။ အပွင့်ငယ်၍ အခိုင်လိုက်ပွင့် သည်။ အသီးမှာ သီးတောင့်မျိုး ဖြစ်၍ အညိုရောင်ရှိသည်။ အလျား ၄ လက်မ မှ ၆ လက်မထိရှိ၍ အနံ ၁/၂ လက်မမှ ၉/၁ဝလက်မ ထိရှိသည်။ အခေါက်မှာ ချောမွှတ်၍ အဝါနုရောင် သို့မဟုတ် အစိမ်းရောင်သန်းလျက်ရှိသည်။ အကာမှာထူ၍ ခပ်ဖြူဖြူ အရောင်ရှိသည်။ အညိုရောင်အနှစ်တွင် အရေး ကြောင်းများ ပါရှိသည်။ အိမ်ဆောက်လုပ်ရာတွင် စစ်ပင်၏ အနှစ်ကို အိမ်တိုင်အဖြစ်အသုံးပြု လေ့ရှိသည်။ ထို့ပြင် လယ်ယာ စိုက်ပျိုးကရိယာများ ပြုလုပ်ရာတွင်လည်း ယင်းကို အသုံးပြုလေ့ရှိသည်။

စစ်ပင်သည် ရင့်သန်လွယ်သော အပင်မျိုးဖြစ်သည်၊ ကုက္ကိုပင်ထက်ပင် လျင်မြန်စွာ ကြီးထွားလာတတ်သည်။ သို့သော် အရွက်များအုပ်အုပ် ဆိုင်းဆိုင်းမရှိသဖြင့် ကုက္ကိုပင် လောက်အရိပ်မကောင်းလှချေ။ စစ်ပင်သားသည် ဆန်ထောင်း မောင်းပြုလုပ်ရန်အတွက် ကောင်း သည်။ စစ်ပင်ကို ကုက္ကိုပင်ကဲ့ သို့ မျိုးစေ့မှ၎င်း၊ အကိုင်းများကို ဖြတ်၍၎င်း၊ မျိုးပွားယူနိုင် သည်။ စစ်ပင်ကို နုံးမြေပေါများရာ ချောင်းကမ်းပါးများ၌ အများအားဖြင့် တွေ့ရသည်။ စိမ့်ပေါသော နေရာများ၌လည်း တွေ့ရ တတ်သည်။ ဟိမဝန္တာတောင်အနိမ့်ပိုင်း တွင် စစ်ပင်ကို တွေ့ရသည့် အပြင် ယမုနာမြစ်ဝှမ်းအရှေ့ဘက်မှ အာသံပြည်နယ်၊ ဗင်္ဂလား၊ ချိုတာနဂ္ဂပူ၊ အိန္ဒိယကျွန်ဆွယ်၊ မြန်မာ နိုင်ငံ၊ ကပ္ပလီကျွန်းတိုင် အောင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံနှင့် အာသံပြည် နယ်တွင် စစ်ပင်များသည် ထန်းတော၊ အုန်းတောကဲ့သို့ စုရုံး၍ ပေါက်လျက် တွေ့ရှိရသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. Barstow, M. (2019). "Albizia procera". IUCN Red List of Threatened Species 2019. IUCN. doi:10.2305/IUCN.UK.2019-1.RLTS.T60757956A60757961.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)