တွေးစစ်ဗေဒ(Logic) အတွင်း တွေးစဉ်များ၏ စနစ်ကျမှန်ကန်မှုကို ဆန်းစစ်ရာ၌ - စည်းချပ် တွေးစစ်ဗေဒ (ခေါ်) စည်းချပ် တွေးစစ်နည်း (အင်္ဂလိပ်: Formal Logic) ဆိုသည်မှာ ထိုတွေးစဉ်များကို စည်းချပ်စနစ် (formal langauge) နှင့် စနစ်တကျ ချဉ်းကပ်လေ့လာသော၊ ခွဲခြမ်စိတ်ဖြာသော [၁] အတွေးအခေါ် လုပ်ငန်းများ ဖြစ်လေသည်။
ဤတွေးစစ်နည်းတွင် တကယ့်အဖြစ်အင် အတိအကျတို့ကို ပြောဆိုသုံးနှုန်းမည့်အစား၊ ဖြစ်အင်ချင်း ဆက်စပ်ပုံတို့ကိုသာ တွေးစစ်သုံး သင်္ကေတများဖြင့် သဘောယူ လေ့လာတွေးခေါ်ခြင်း ဖြစ်၍၊ ထိုသင်္ကေတတို့ နေရာတွင် မည်သည့်အဖြစ်အပျက်ဟု အတိအကျထည့်သွင်းသုံးရန် မှန်ကန်နှင့်သော တွေးလုံးချင်း ဆက်စပ်မှန်ကန်ပုံတို့ကို ရှာဖွေလေ့လာကြခြင်း ဖြစ်သည်။ [၂]

စည်းချပ်စနစ်နှင့် ချဉ်းကပ်ခြင်းချည်း မဟုတ်ဘဲ အရပ်သုံး ဘာသာစကားကို အားပြုလျက် တွေးစစ်ဗေဒကို ဆက်စပ်တွေးတောလျှင်မူ၊ ဤ စည်းချပ် တွေးစစ်နည်း (Fromal Logic) မမည်ဘဲ ကဗျာလွတ် တွေးစစ်နည်း (Informal Logic) မည်ပေသည်။

အကိုးအကား ပြင်ဆင်ရန်

  1. Honderich 2005, logic, informal; Craig 1996, Formal and informal logic; Johnson 1999, pp. 265–268.
  2. MacFarlane 2017; Corkum 2015, pp. 753–767; Blair & Johnson 2000, pp. 93–95; Magnus 2005, pp. 12-4, 1.6 Formal languages.