တွေးစစ်ဗေဒ (Logic) တွင် အသုံးပြုသော သင်္ကေတများ (အင်္ဂလိပ်: symbols) သို့မဟုတ် တွေးစစ်သုံး သင်္ကေတများ (အင်္ဂလိပ်:  logical symbol) ဆိုသည်မှာ မည်သည့် အခြင်းအရာကို ဖြစ်စေ၊ အကြောင်းအရာကို ဖြစ်စေ စည်းချပ်စနစ်နှင့် ရေးသားခြင်းများ၌ သုံးရန် လေ့လာသူချင်း ညှိယူသတ်မှတ်ထားသော အရေးအခြစ် ပုံပန်းများ ဖြစ်သည်။

  • မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာ၊ မည်သည့် အဖြစ်အပျက် စသည့် အခြင်းအရာများကို အခြင်းအရာ ညွန်းလုံး (atomic formula)တို့နှင့် ကိုယ်စားပြုကြသည်။
  • ဖြစ်ပျက်ခြင်း-မဖြစ်ပျက်ခြင်း၊ အခြားအခြင်းအရာနှင့် ဆန့်ကျင်ခြင်း၊ ပေါင်းစည်းခြင်း၊ အကြောင်းအရင်း ဖြစ်ခြင်း အကျိုးရလဒ် ဖြစ်ခြင်း၊ စသည်ကို့ကိုမူ အကြောင်းအရာ သင်္ကေတ (logical connective)တို့နှင့် ကိုယ်စားပြုကြသည်။
  • သို့ဖြင့် အခြင်းအရာ သင်္ကေတတို့ကို ဇာတ်ကောင်သဖွယ်၊ အကြောင်းအရာ သင်္ကေတတို့ကို ဇာတ်ကောင်တို့ကြား ဆက်စပ်ပုံသဖွယ် ထားလျက် ရေးသားတွေးခေါ်ကြလျှင်၊ စည်းချပ်တွေးစစ်ဗေဒ (formal logical)၌ သင်္ချာကြားခံသဖွယ် အသုံးပြုလေ့လာကြသည့် စည်းချပ် စနစ် စည်းချပ်စနစ် (formal language)ကို ပညာရပ်သုံး ဘာသာစကား တစ်ခုအဖြစ် ရရှိပေသည်။
တွေးစစ်သုံး သင်္တေများကို ထည့်သွင်းသုံး၍ စည်းချပ် ဘာသာစကားအတွင်း စနည်စကျ တည်ဆောက်လိုက်လျှင် သရုပ်ကျော့ ဖှော်မျူလာ (well-fromed formula) များ ရလာမည်၊ စနည်မကျလျှင်မူ သရုပ်ပျက် (nonsonse)များသာ ဖြစ်သွားမည်။ သီအိုရမ်ဆိုသည်တို့ကို သရုပ်ကျော့် ဖှော်မျူလာ (well-formed formula)တို့မှ ထပ်ဆင့် တည်ဆောက်ရ၏။