စနေ

ရက်သတ္တပတ်
(စနေနေ့ မှ ပြန်ညွှန်းထားသည်)

စနေ ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ်၊ တနင်္ဂနွေဂြိုဟ်မင်း၏ မယား ဖွားမြင်သောသားလ "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည်။ ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ၐနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပာယ်မှာ "ဖြည်းညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်နှင့်လည်း နှိုင်းယှဉ်ကြည့်နိုင်သည်။[၁]

ဂြိုဟ်အဆင်းအရောင် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. "မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ