မာန်အောင်ရတနာစေတီ ဒါယကာ စနေမင်း(၁၆၉၈-၁၇၁၄) နန်းတက်လျှင် ညီတော်ပုဂံစားကို အိမ်ရှေ့အရာထားသည်။ သို့သော်သားတော် (တနင်္ဂနွေမင်းဖြစ်မည့်သူ) မွေးပြီးနောက်တွင် စိတ်ထားပြောင်းကာ ညီတော်အစား သားတော်ကို နန်းလျာထားရန် ကြံသည်။ ထိုမင်းလက်ထက်တွင် သံဃာထုအတွင်း အတင်ဂိုဏ်း နှင့် အရုံဂိုဏ်း ဟုနှစ်ဖက် အငြင်းပွားသည်ကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေ။ စနေမင်းနန်းစံကာလတွင်ကျိုင်းတံု‌ေစာ်ဘွားပုန်ကန်မှုနှင့်ရင်ဆိုင်ရသည်။ထို့ပြင်ဇင်းမယ်၊ရခိုင်တို့မှမ‌‌ေလးမခန့်ဖြစ်လာသည်။သားတော်အသက် ၁၉နှစ်တွင် ညီတော်ကို ပုဂံသို့ ပြန်စေပြီး သားတော်အားအိမ်ရှေ့အရာပေးကာ “ဘုန်းကြီးသောအရှင်” ဟုခေါ်ဝေါ်စေသည်။ သို့ဖြင့် စနေမင်းနတ်ရွာစံလျှင် သားတော် တနင်္ဂနွေမင်း နန်းတက်သည်။

စနေမင်း မိဖုရား နှင့် ကိုယ်လုပ် သား သမိး

ပြင်ဆင်ရန်

သားတော် သမီးတော်များ

  • မိဖုရားသုံးပါးတွင် မဟာဒေဝီ
    • သမီးတော် မင်းရွှေဦး၊ သီရိသုနန္ဒာ အမည်နှင့် ပုဂံမိဖုရား ဖြစ်သည် တစ်။
    • မောင်တော် အိမ်ရှေ့မင်း တစ်။
    • နှမတော် အမြင့်မြို့စား (ရှင်)မင်းဖြူ တစ်။
    • (မောင်တော်) ဗဒုံမြို့စား သီရိမင်းစံ တစ်။
    • နှမတော် စကုမြို့စားမင်း တစ်။
    • ညီမတော် မင်းရွှေ ကြာ ရှစ်လတွင် လွန်သည် တစ်။ ပေါင်း ခြောက်ပါးတည်း။ ။
  • သီရိဒေဝီတွင်
    • သမီးတော် ပြင်စည်စားမင်းကြွက် တစ်။
    • ညီမတော် ဖွား၍ သုံးရက်တွင် လွန်သည် တစ်။

ပေါင်း နှစ်ပါး တည်း။ ။

  • နန္ဒဒေဝီတွင်
    • သမီးတော် မြေထဲစား မင်းလှမြတ်စံ တစ်။
    • ညီမတော် ခဲပေါင်မြို့စား မြတ်မျိုးဖုန်းကြွယ် တစ်။
    • မောင်တော် မြဝတီစား မောင်မင်းပိုး တစ်။
    • နှမတော် မင်းကောင်း ငါးနှစ်တွင် ကျောက်ပေါက်၍လွန်သည် တစ်။
    • မောင်တော် မောင်ရွှေခိုင် တစ်။
    • ညီတော် မောင်ကျော် တစ်။

ပေါင်း ခြောက်ပါး တည်း။ ။

ကိုယ်လုပ်တော်တို့တွင် မြင်သည့် သား(တော်) သမီး(တော်)ကား

  • ဆီးတောကတော် ခင်ထွတ် တွင်
    • သားတော် ပဌနဂိုစား မောင်လှ၊ နောက်ကို မင်းရဲရန္တသူ အမည်နှင့် ဖောင်းလင်းမြို့ကို စားသည် တစ်။ ။
  • လက်ယာရန္တမိတ်သမီး ငမြာငယ်ကတော် ခင်ရွှေရည်တွင်
    • သားတော် မြတောင် မြို့စား မောင်ပု တစ်။ ။
  • ဇေယရန္တမိတ်သမီး ရွာသစ်ကတော် ခင်ဖြူတွင်
    • သမီးတော် မင်းမောက်” တစ်။ ။
  • မတောင့်တစားသမီး ကံသာကတော် ခင်ဆင်တွင်
    • သားတော် မောင်အောင် တစ်။ ။
  • တရားကျွန်သီးမှူးသမီး ခင်ဦးစံတွင်
    • သမီးတော် ခင်ဝင် တစ်။ ။
  • တဖက်ဆွဲထောင်မှူးသမီး ကျောက်ဆောင်ကြီးကတော် ခင်အိမ်တွင်
    • သမီးတော် မင်းပု တစ်။
    • ညီမတော် ငယ်ကလွန် တစ်။
    • မောင်တော် မောင်မင်းပ သုံးနှစ်ရွယ်တွင် လွန်သည် တစ်။ ပေါင်း သုံးပါးတည်း။ ။
  • ရွှေကတော် ခင်စိမ့်တွင် /
    • သမီးတော် မင်းပွေး တစ်။
    • မောင်တော် မင်းလှ တစ်။
    • နှမတော် မင်းပေါ တစ်။
    • မောင်တော် မောင်ထင် နှစ်နှစ်ရွယ်တွင် လွန်(သည်) တစ်။ [နှမတော် လေးလ တွင် လွန်သည် တစ်။]
    • မောင်တော် မောင်မြို” တစ်။
    • ညီတော် မောင်ကျော် တစ်။

ပေါင်း ခုနစ်ပါးတည်း။ ။

  • လက်ယာကျော်သူသမီး ကြက်ရုံသာကတော် ခင်လှမွန် တွင်
    • သားတော် မောင်ပေါက် ငါးနှစ်တွင် လွန်(သည်) တစ်။
    • နှမတော် မင်းလှ တစ်။
    • မောင်တော် မောင်ဝ တစ်။
    • ညီတော် ငယ်ကလွန်(သည်) တစ်။
    • ညီတော် မောင်ကုလား တစ်။
    • ညီတော် မောင်ချင် တနှစ်တွင် လွန် (သည်) တစ်။
    • ညီတော် မောင်ကျော် တစ်။
    • ညီတော် မောင်ထွေး တစ်။

ပေါင်း ရှစ်ပါး တည်း။ ။

  • မင်းတရားရွှေလှေမှူးသမီး ပြည်၊ တောင်ငူကတော် ခင်စံတွင်
    • သမီးတော် ရှင် တစ်။
    • မောင်တော် မောင်ကျော်အောင် တစ်။
    • နှမတော် ငယ်ကလွန် တစ်။
    • မောင်တော် တနှစ်တွင် လွန်(သည်) တစ်။
    • နှမတော် မင်းရွှေခဲ တနှစ်တွင်လွန် တစ်။
    • မောင်တော် ငယ်ကလွန် တစ်။
    • ညီတော် မောင်ဖြူ တစ်။

ပေါင်း ခုနစ်ပါးတည်း။ ။

  • ညောင်ရွှေစော်ဖွားညီ ဟဲလုံသမီး ခင်ညွန်ပုံ တွင်
    • သမီးတော် မင်းရွှေခဲ ငယ်ကလွန် တစ်။
    • မောင်တော် ငယ်ကလွန် တစ်။
    • ညီတော် မောင် ဦးကာ တစ်။

ပေါင်း သုံးပါးတည်း။ ။

  • ရာဇသီဟသမီး ဟံသာကတော် ခင်အောင်တွင်
    • သားတော် မောင်ညွန့် တစ်။
    • နှမတော် မင်းရွှေခဲ တစ်။
    • ညီမတော် ငယ်ကလွန် တစ်။
    • ညီတော် မင်းနန်သူ တစ်။

ပေါင်း လေးပါးတည်း။ ။

  • မြို့ဝန်ဇေယနန်သူသမီး သာဝတ္ထိကတော် ခင်မြတ်လေးတွင်
    • သမီးတော် မင်းရွှေဦး တစ်။
    • မောင်တော် မောင်လှ တစ်။

ပေါင်း နှစ်ပါးတည်း။ ။

  • နတ်တောင် ကတော် ခင်ချင်တွင်
    • သမီးတော် မင်းပု တစ်။
    • မောင်တော် မောင်မြတ်သန္ဓေ တစ်။

ပေါင်း နှစ်ပါးတည်း။ ။

  • စားတော်ကဲ ဝေလုသမန်သမီး ရွာသာကတော် ခင်မည်ကြီးတွင် ** သမီးတော် မင်းစုံ တစ်။ ။
  • ဇေယဝတီစားသမီး သာစည်က/တော် ခင်လတ်ဖြူတွင်
    • သားတော် မောင် ထွန်းလှ နှစ်နှစ်(ရွယ်)တွင် လွန်(သည်) တစ်။
    • ညီတော် ငယ်ကလွန် တစ်။

ပေါင်း နှစ်ပါး တည်း။ ။

  • သီရိယော်ဓာသမီး ပေါင်ကြီးကတော် ခင်ရွှေတွင်
    • သားတော် မောင်မင်းကြွက် ငယ်က လွန် တစ်။
    • နှမတော် မင်းရွှေဥ ငယ်ကလွန် တစ်။

ပေါင်း နှစ်ပါးတည်း။ ။

  • ကသည်းစော်ဖွား ဟုံး သမီး ပုပ္ပားကတော် နှင့်လုံခန်းတွင်
    • သားတော် မောင်မင်းဖြူ တစ်။
    • ညီတော် မောင်မင်း တစ်။

ပေါင်း နှစ်ပါးတည်း။ ။

  • သီရိကံပိုက်သမီး အင်ကြင်းစည်ကတော် ခင်ဦးတွင်
    • သမီးတော် မင်းရွှေအိမ် တစ်။
    • မောင်တော် မောင်ဖြူ တစ်။
    • ညီတော် ငယ်ကလွန် တစ်။

ပေါင်း သုံးပါး တည်း။ ။

  • သပြေလှကတော် ခင်အင်တွင်
    • သားတော် ငယ်ကလွန် တစ်။
    • ညီတော် မောင်/ ထွန်းတစ်။

ပေါင်း နှစ်ပါးတည်း။ ။

  • ရှမ်းမြို့ဝန်သမီး ခင်ဆင်တွင်
    • သားတော် ဇေယပုံ တစ်။
  • မြင်ခံကတော် ရှင်မင်းတွင်
    • သားတော် မောင်မင်းအောင် တစ်။ ။
  • အင်ပင်လှကတော် ခင်ယွန်းစံ တွင်
    • သမီးတော် ငယ်ကလွန် တစ်။ ။
  • ဒိုင်းစာရေးသမီး ခင်လှမြတ်တွင်
    • သမီးတော် ရှင်မာလီ သုံးနှစ်တွင် လွန် တစ်။ ။
  • ခင်ဝင်တွင်
    • သားတော်မောင်အောင် ငယ်ကလွန် တစ်။
  • နဲကလိုသမီး တွင်
    • သားတော် ငယ်ကလွန် တစ်။ ။

ကိုယ်လုပ်တော်တို့တွင် သားတော် သုံးဆဲ့ခြောက်၊ သမီး တော် နှစ်ဆဲ့နှစ် (ပေါင်း ငါးဆဲ့ရှစ်) တည်း။ ။ မဟာရာဇဝင်သစ် ဒွါဒသတွဲ။ ။ /

ရည်ညွှန်းကိုးကား

ပြင်ဆင်ရန်