စနေမင်း လွန်လျှင် သားဖြစ်သူ တနင်္ဂနွေမင်း(၁၇၁၄-၁၇၃၄)နန်းတက်သည်။ နန်းတက်လျှင် အိမ်ရှေ့စံဖြစ်ဖူးသည့် ဦးရီးတော် ပုဂံစားက ပုန်ကန်နန်းလုသည်။ သို့သော်အင်အားသာသည့် အင်းဝက အနိုင်ရသဖြင့် ပုဂံစားကျလေသည်။ တနင်္ဂနွေမင်း လက်ထက်တွင် အဆိုးဆုံးရင်ဆိုင်ရသည့် ပြဿနာမှာ ရာသီဥတုဖြစ်သည်။ ရာသီဥတုဆိုးဝါးသဖြင့် စိုက်ပျိုးရေးပျက်စီးလာပြီး ပြည်သူများ ငတ်မွတ်ခေါင်းပါးလာရသည်။ ထိုပြဿနာကို နိုင်နင်းစွာ မဖြေရှင်းနိုင်ခင်မှာပင် အနောက်ဘက်မဏိပူရမှ ကသည်းများက ဘာသာရေးအခြေခံကာ ကျူးကျော်လာသည်။ (ဟိန္ဒူနွယ်သည့် ကသည်းများက ဧရာဝတီမြစ်ရေဖြင့် သန့်စင်ခြင်းပြုပါက အပြစ်တို့မှ လွတ်ငြိမ်းမည်ဟု ယုံကြည်ခဲ့ကြသည်။)ထို့အတူ ဇင်းမယ်မှလည်း ပုန်ကန်သည်ကို နှိမ်နင်းနိုင်ခြင်း မရှိသည့်အတွက် ဘုရင့်နောင်မင်းတရားလက်ထက်မှစကာ ပိုင်ဆိုင်လာသည့် ဇင်းမယ်ကို လက်လွှတ်ရပြန်သည်။

ခရစ်နှစ် ၁၇၃၃တွင် တနင်္ဂနွေမင်းလွန်သော် သားတော် မဟာဓမ္မရာဇာဓိပတိ နန်းတက်သည်။

ရည်ညွှန်းကိုးကား

ပြင်ဆင်ရန်