စပါးလင်ဟင်းမွှေး (Lemon grass)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Poaceae
မျိုးရင်းသေး: Panicoideae
မျိုးဇာတ်သေး: Andropogoninae
မျိုးစု: Cymbopogon
မျိုးစိတ်:
C. citratus
ဒွိနာမ
Cymbopogon citratus
(DC.) Stapf,[၁] 1906
Synonyms[၂]

စပါးလင်ဟင်းမွှေး (Cymbopogon citratus)သည် အပူပိုင်းဒေသအပင်ဖြစ်ပြီး၊ အရှေ့တောင်အာရှကျွန်းနိုင်ငံများ (Maritime Southeast Asia သို့မဟုတ် Island Southeast Asia)တွင် သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပြီး၊ အခြား အပူပိုင်းဒေသ နေရာများစွာသို့လည်း ယူဆောင်စိုက်ပျိုးကြသည်။[၃] ၎င်းကို အနောက်အိန္ဒိယ လယ်မဲန်ဂရာ့စ် (West Indian lemon grass) သို့မဟုတ် လိုရင်းတိုရှင်းဖြင့် လယ်မဲန်ဂရာ့စ် (lemon grass)[၄] ဟု အရပ်သုံး ခေါ်ကြသည်။

စပါးလင်ဟင်းမွှေး အများအားဖြင့် အပင်လိုက် ရောင်းကြသည်။ ၎င်းသည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံကဲ့သို့သော နွေးသောသမပိုင်းဒေသများတွင် စိုက်ပျိုး၍ရသော်လည်း၊ နှင်းခဲခြင်းဒဏ်ကိုမူ မခံနိုင်ပေ။

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုခြင်း ပြင်ဆင်ရန်

 
စပါးလင်ဟင်းမွှေး (C. citratus) ရွက်ထုံးများကို ဖိလစ်ပိုင်ဈေးကြီးတစ်ခုအတွင်း၌ ရောင်းချထားပုံ
 
စပါးလင်ဟင်းမွှေး၊ ဂါးလဲန်ဂယ် (galangal)၊ သံပရာရွက်၊ ဂျင်းတို့ကို ကြက်သားတုံယမ်း (tom yam)ဟင်းချက်ရန် အသင့်ပေါင်းထုပ်၍ ထိုင်းဈေးတို့တွင် ရောင်းချကြသည်။

စပါးလင်ဟင်းမွှေးသည် သည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့တွင် tanglad သို့မဟုတ် sereh ဟုခေါ်ပြီး အလွန်ပေါများသည်။ ၎င်း၏ မွှေးသောအရွက်များကို အများအားဖြင့် ချက်ပြုတ်ရာနှင့် ကြက်သားကင်ရာတွင် အသုံးပြုကြသည်။[၅]

သီရိလင်္ကာတွင် စပါးလင်ဟင်းမွှေး ကို sera (සේර) ဟုလူသိများသည်။ ၎င်းကို ဆီမွှေး (essential oil) အနေဖြင့်လည်း အသုံးပြုသည့်အပြင် ချက်ပြုတ်ရာတွင်လည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. "Cymbopogon citratus"Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)2008-03-02 တွင် ပြန်စစ်ပြီး
  2. The Plant List: A Working List of All Plant Species။ 31 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 8, 2014 တွင် ပြန်စစ်ပြီး။
  3. Cymbopogon citratusPlants of the World OnlineRoyal Botanic Gardens, Kew။ March 4, 2019 တွင် ပြန်စစ်ပြီး။
  4. Cymbopogon citratusသဘာဝရင်းမြစ်များထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအဖွဲ့၏ အပင်များဆိုင်ရာ အချက်အလက် ဒေတာဘေ့စ်။ အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန(USDA)။ January 12, 2019 တွင် ပြန်စစ်ပြီး။
  5. Tanglad / Lemongrass။ Market Manila (21 August 2006)။ 25 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 04 October 2020 တွင် ပြန်စစ်ပြီး။
  6. The Spice Council of Sri Lanka | Lemongrass။ 2020-07-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-04 တွင် ပြန်စစ်ပြီး။