စမူဆာကို ဂေါ်ဖီထုပ်ခရမ်းချဉ်သီးတို့နှင့် ရောနှောကာ ဆီချက်ပူစီနန်ပဲမှုန့်တို့ဖြင့် သုပ်နှယ်ထားပြီး အသုပ်ပေါ်သို့ သံပရာသီးညှစ်၍ စားရသော အစားအစာတစ်မျိုးဖြစ်သည်။ အညာဒေသတွင် ကျယ်ပြန့်စွာစားသုံးလေ့ရှိသော အစားအစာတစ်မျိုးဖြစ်သည်။ စမူဆာသည် သုံးထောင့်ပုံစံရှိ၍ အာလူး၊ ကြက်သွန်နီစသည့် အရာများကို အစာသွပ်ထားကာ ဆီဖြင့်ကြော်ထားသော မုန့်တစ်မျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ စမူဆာ၏ အစာသွပ်ပစ္စည်းများတွင် ကန်စွန်းရွက်ကဲ့သို့ အရွက်များ ပါဝင်လေ့ရှိသော်လည်း မြန်မာနှင့်ထိုင်းနိုင်ငံရှိ စမူဆာများတွင်မူ အရွက်များအား အစာသွပ်အဖြစ် ထည့်သွင်းခြင်းမရှိချေ။ စမူဆာသည် ဘီယာဆိုင်များ၊ လဘက်ရည်ဆိုင်များသာမက ထမင်းဆိုင်များ၊ ဟော်တယ်များတွင်ပါ ရောင်းချလာကြသည့် အစားအစာတစ်မျိုးဖြစ်သည်။ အရက်နှင့်တွဲဖက်စားသုံးရန် သင့်တော်သည်ဟု ယူဆထားကြသော်လည်း အဆာပြေသော်လည်းကောင်း ထမင်းနှင့်တွဲဖက်၍ ဟင်းအဖြစ်သော်လည်ကောင်း စားသုံးလာကြသည်။

ဆမူစာသုပ်