Dill
19th-century botanical illustration[၁]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Apiales
မျိုးရင်း: Apiaceae
မျိုးရင်းသေး: Apioideae
မျိုးဇာတ်: Apieae
မျိုးစု: Anethum
L.
မျိုးစိတ်:
A. graveolens
ဒွိနာမ
Anethum graveolens
Synonyms[၂]

ပုံသဏ္ဌာန် : အပင် - ၂ ပေမှ ၃ ပေအထိမြင့်၏ ။ တစ်နှစ်ခံ ပင်ငယ်မျိုးဖြစ်သည်။

အရွက် : - ရွက်ပေါင်းဖြစ်၏ ။ ရွက်မြွာငယ်သည်။ အလွန်နူးညံ့၏ ။ ထိပ်ဖျား အခွလေးများ ရှိ၏ ။

အပွင့် : - သေးငယ်၏ ။ အနည်းငယ် ဝါ၏ ။ ထီးပုံသဏ္ဌာန် ပန်းခိုင်ပေါ်တွင် ပွင့်၏ ။

အသီး : - သေးငယ်၏ ။ အစေ့သည် တရုတ်နံနံ စေ့ အရွယ်ခန့်ရှိ၍ ညိုဝါရောင်ရှိသည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အရွက်။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အထက်ပိုင်းတွင် စိုက်ပျိုးပေါက်ရောက်နိုင်သည်။ သဘာ၀အလျောက် ပေါက်ရောက်သည်။ ယခုအခါ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

စိုက်စနစ် : ထိန်းသိမ်းပြုစုခြင်း ၊ ရိတ်သိမ်း ဆွတ်ခူးခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်း တို့မှာ စမုန်စပါးအတိုင်း ဖြစ်သည် ။

အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ စမြိတ်သည် စပ်၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ။ လေသလိပ်ကို ငြိမ်းစေ၏ ။ အဖျား၊ အနာပေါက် ၊ ထိုးအောင့် ခြင်း ၊ မျက်စိရောဂါတို့၌ အကျိုးပြု၏ ။ သလိပ် ၊ သည်းခြေ သွေး လေတို့နှင့် ယှဉ်သော အနာ ၊ လေပူသောအနာနှင့် အော့အန်ခြင်း တို့ကို နိုင်၏ ။

အသုံးပြုပုံ- အစေ့

  1. စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ နှင့် လေထိုးလေအောင့် ၊ လေနာ သောရောဂါ ပျောက်၏ ။
  2. စမြိတ်စေ့ကို လှော်၍ စားလျှင် သော်လည်းကောင်း ၊ သကြားခဲနှင့် ရောစားလျှင်သော်လည်းကောင်း နို့ကောင်းစွာ ထွက်စေ၏ ။
  3. စမြိတ်စေ့ကို ရေနွေးဖြော၍ သောက်စေပါက သားဖွားပြီးသော မိန်းမများအတွက် နှလုံးကို အလွန်အားပေး၏။ မီးတွင်းဆေးအနေနှင့် လည်း သုံးနိုင်သည်။

အရွက်

  1. အရွက်ကို ဆီသုတ်၍ မီးကင်ပြီး အနာပေါ်ကပ်ပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်သွား၏။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Prof. Dr. Otto Wilhelm Thomé Flora von Deutschland, Österreich und der Schweiz Volume 3 (1888), Gera, Germany, page 142, Gattung 477, Tafel 378, available from BioDiversity Heritage Library and BioLib.de(1885)
  2. The Plant List, Anethum graveolens L.
  3. http://arogyamonline.com/commodity/materials/?raw=38[လင့်ခ်သေ]