စဝ်အောင်မြတ်
စဝ်အောင်မြတ် သို့မဟုတ် ဦးအောင်မြတ် သည် မြန်မာ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ် လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် ယခင်က ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးအောင်မြတ်သည် ဓနုလူမျိုးတစ်ဦး ဖြစ်သည်။[၁]
စဝ်အောင်မြတ် | |
---|---|
ရှမ်းပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဦးလင်းထွဋ် |
ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ် လွှတ်တော် | |
တာဝန်သက်တမ်း ၉ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
မဲဆန္ဒနယ် | ရွာငံမြို့နယ် မဲဆန္ဒနယ် ၂ |
ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂၀၁၁ – ၃၁ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဦးအာကာလင်း |
မဲဆန္ဒနယ် | ပင်းတယမြို့နယ် မဲဆန္ဒနယ် ၁ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ပွေးလှ၊ ပင်းတယမြို့နယ်၊ ရှမ်းပြည်နယ် | ဧပြီ ၁၄၊ ၁၉၆၃
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်ဖြူဖြူညွန့် |
သားသမီး | စုမြတ်ဖြူ၊ အေးမြတ်ဖြူ၊ ထက်မြတ်အောင် |
ပညာရေး | သိပ္ပံဘွဲ့ |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
အစိုးရအဖွဲ့ | ရှမ်းပြည်နယ် အစိုးရအဖွဲ့ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဒုတိယ ဗိုလ်မှူးကြီး |
ဦးအောင်မြတ်ကို ၁၉၆၃ ခုနှစ် ဧပြီ ၁၄ ရက်နေ့တွင် ဖခင် ဦးညွန့်အောင်နှင့် မိခင် ဒေါ်ခင်ကြည်တို့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာတွင် မွေးဖွားခဲ့သည်။[၁] သူသည် စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့ကာ တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။[၁] ဦးအောင်မြတ်သည် ဒေါ်ဖြူဖြူညွန့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦးရှိသည်။[၁]
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ "Bio-data, Sao Aung Myat, Shan State Chief Minister"၊ Shan Herald Agency for News၊ 2 May 2011။ 18 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2015။
- ↑ "Shan State MPs"၊ Alternative Asean Network on Burma။ 9 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 22 July 2015။