စာပေဗိမာန်စာမူဆု(၂၀၀၉)
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ၂၀၀၉ခုနှစ်အတွက် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ [၁]
စဉ် | စာရေးဆရာအမည် | စာအုပ်အမည် | စာပေဆုအမျိုးအမည် | ဆုအမည် |
---|---|---|---|---|
၁ | သုသိဏ် | ဆူးမြနှင်းဆီ | ဝတ္ထုရှည်ဆု | ပထမဆု |
၂ | ကိုယော(ဘောဂဗေဒ) | ဂန္ထဝင်ချစ်ကြည်စတမ်းနှင့်လွမ်းရတဲ့မြို့သူ | ဝတ္ထုရှည်ဆု | ဒုတိယဆု |
၃ | သိန်းဇော်(ရွှေလီဦး) | ဘဝပုခက်နှင့်ကြိုးဆက်မည့်ရွှေလက်များ | ဝတ္ထုရှည်ဆု | တတိယဆု |
၄ | မောင်ခြိမ့် | ယင်ပေါင်စာတိုးရုံနဲ့ယင်းကျိုးမယ် မောင်ကထင်နှင့်အခြားဝတ္ထုတိုများ | ဝတ္ထုတိုပေါင်းချုပ်ဆု | ပထမဆု |
၅ | မြေလတ်မင်းလွင် | လက်ရည်တစ်ပြင်တည်းနှင့်အခြားဝတ္ထုတိုများ | ဝတ္ထုတိုပေါင်းချုပ်ဆု | ဒုတိယဆု |
၆ | ခင်လပြည့်ဝန်း | နေညိုရင်အဖေကိုလွမ်းတယ်နှင့်အခြားဝတ္ထုတိုများ | ဝတ္ထုတိုပေါင်းချုပ်ဆု | တတိယဆု |
၇ | ဇော်မျိုးဟန်(ငါးသိုင်းချောင်း) | ပန်းစောင့်လိပ်ပြာကဗျာများ | ကဗျာပေါင်းချုပ်ဆု | ပထမဆု |
၈ | မောင်ဟန်တင့်(ပင်လယ်ဘူး) | ဝတစ်လုံးနှင့်အပြုံးတစ်ရာကဗျာများ | ကဗျာပေါင်းချုပ်ဆု | ဒုတိယဆု |
၉ | လှိုင်ဌေးအောင်(ရွှေတံတား) | အမေ့အေမွနှင့်အခြားကဗျာများ | ကဗျာပေါင်းချုပ်ဆု | တတိယဆု |
၁၀ | မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်) | ပုံသဏ္ဌာန်မျိုးစုံရှေးဟောင်းမြန်မာ့မြို့ရိုးစနစ်ပုံ | သုတပဒေသာ(ဝိဇ္ဇာ)ဆု | ပထမဆု |
၁၁ | ဒေါက်တာချိုချိုတင့်(မြန်မာစာ) | ကိုလိုနီခေတ်ဦးမြန်မာစာပေဖွံ့ဖြိုးတိုးတက်မှု | သုတပဒေသာ(ဝိဇ္ဇာ)ဆု | ဒုတိယဆု |
၁၂ | ရွှေဟင်္သာ(မန္တလေးတက္ကသိုလ်) | ရှေးခေတ်ကျေးလက်သုံးဆိုထုံးနှင့်စကားပုံများအဖွင့် | သုတပဒေသာ(ဝိဇ္ဇာ)ဆု | တတိယဆု |
၁၃ | သောင်းညွန့်သစ် | မြန်မာ့သစ်မွှေး | သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံ)ဆု | ပထမဆု |
၁၄ | အောင်စိုး(စိုက်ပျိုး/၁၀၇) | သိပ္ပံနည်းကျလက်တွေ့အသုံးချ စပျစ်စိုက်ပျိုးရေးနည်းပညာ | သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံ)ဆု | ဒုတိယဆု |
၁၅ | ဖိုးဆွေ(သစ်လုပ်ငန်း) | အသုံးချသစ်လုပ်ငန်းသင်္ချာ | သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံ)ဆု | တတိယဆု |
၁၆ | ဆုရရှိသူမရှိပါ | - | စာပဒေသာဆု | ပထမဆု |
၁၇ | နေမျိုးနွယ် | ပြည်သူကြားသို့အရောက်သွားခဲ့သောဆေးကျောင်းသားတစ်ယောက်၏ရသမှတ်တမ်း | စာပဒေသာဆု | ဒုတိယဆု |
၁၈ | ဆုရရှိသူမရှိပါ | - | စာပဒေသာဆု | တတိယဆု |
၁၉ | မြတ်ဝေတိုး(ပညာရေးတက္ကသိုလ်) | ဂျိန်းဖော့(ဂျိန်းဖော)သွေးချင်းတို့၏ဘဝအလှ | မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေဆု | ပထမဆု |
၂၀ | ဦးသောင်းထွန်း | ရိုးရာထိန်းလျှက်ဆန်းသစ်တီထွင်ယွန်းရွှေစဉ် | မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေဆု | ဒုတိယဆု |
၂၁ | ထူးထူးဝင်း(ရှေးဟောင်းသုတေသန) | ပထမမြန်မာနိုင်ငံတော်နှင့်ပုဂံရွှေနန်းတော်ကြီး | မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေဆု | တတိယဆု |
၂၂ | ကန့်ဘလူခင်မောင်ဆွေ | သားရွှေစင်ကလေးကဗျာများ | ကလေးစာပေဆု | ပထမဆု |
၂၃ | ခင်မောင်မြင့်(ရွှေဆယ်မြေ) | မျိုးချစ်သူရဲကောင်းဖိုးအေးနှင့်အခြားဝတ္ထုတိုများ | ကလေးစာပေဆု | ဒုတိယဆု |
၂၄ | ဆွေသန်း | သမီးလေးရဲ့မနက်ခင်းကလေးကဗျာများ | ကလေးစာပေဆု | တတိယဆု |
၂၅ | နေမျိုးသန့် | မိုးသောက်နေခြည်ဦး | လူငယ်စာပေဆု | ပထမဆု |
၂၆ | သွဲ့ထားညို(သက္ကလ) | အိပ်မက်များရဲ့မနက်ဖြန် | လူငယ်စာပေဆု | ဒုတိယဆု |
၂၇ | ဝတ်ရည်ခင်(ပဲခူး) | ထက်မြက်စွမ်းအင်နှင့်လူငယ်ဝတ္ထုတိုများ | လူငယ်စာပေဆု | တတိယဆု |
၂၈ | ငြိမ်းမင်း | တစ်ပင်ကျိုးလျှင်နောက်နှစ်ပင် | ပြဇာတ်စာပေဆု | ပထမဆု |
၂၉ | မောင်ဆန္ဒ(လယ်ဝေး) | နေနဲ့လပြဇာတ် | ပြဇာတ်စာပေဆု | ဒုတိယဆု |
၃၀ | တင်ထွန်းဦး(ယဉ်ကျေးမှု) | လူငယ်အားမာန်နှင့်သားကောင်းရတနာပြဇာတ်များ | ပြဇာတ်စာပေဆု | တတိယဆု |
၂၈ | ဆုရရှိသူမရှိပါ | - | နိုင်ငံရေးစာပေဆု | ပထမဆု |
၂၉ | မြင့်စိုး(နတလ) | နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ နှစ်၂၀ခရီး | နိုင်ငံရေးစာပေဆု | ဒုတိယဆု |
၃၀ | ဆုရရှိသူမရှိပါ | - | နိုင်ငံရေးစာပေဆု | တတိယဆု |
၂၈ | ဒေါက်တာညွန့်ရွှေ(တောင်ကြီး) | ရာသီဥတုထိန်းညှိပြုပြင်မှု | ဘာသာပြန်စာပေဆု | ပထမဆု |
၂၉ | ဆုရရှိသူမရှိပါ | - | ဘာသာပြန်စာပေဆု | ဒုတိယဆု |
၃၀ | ဆုရရှိသူမရှိပါ | - | ဘာသာပြန်စာပေဆု | တတိယဆု |
ကိုးကား
ပြင်ဆင်ရန်- ↑ (၈.၁၂.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ