စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း

စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

သဲအလူးလူးဖြစ်နေသော အသားတုံးကို စွန့်ပစ်ရန်လည်းအခက်၊ စားသုံးရန်လည်းအခက် ဖြစ်နေသကဲ့သို့ အပြစ်အနာအဆာရှိသော နှစ်သက်မက်မောဖွယ် အရာတစ်ခုကို ငြင်းပယ်ရန်လည်းအခက်၊ လက်ခံရန်လည်းအခက် ဖြစ်နေသည်။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "စားရမည်ကား သဲနှင့်ရှပ်ရှပ်၊ ပစ်ရမည်ကား အဆီနှင့်ဝင်းဝင်း ဆိုသလို သောကတွေက ပိုမို၍ ... ကြိတ်ခဲ၍သာ ညှိုးငယ်စွာ နေရလေ၏။" [၁၂၈၄] ဒဂုန်၊ ၄၊ ၃၈။ ၇၉။

ဆိုလိုရင်းတူညီသောအခြားစကားပုံ ပြင်ဆင်ရန်

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၉။