စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း
(ပစ်ရမှာလည်း အဆီနှင့်ရဲရဲ၊ စားရမှာလည်း သဲနှင့်ရှပ်ရှပ် မှ ပြန်ညွှန်းထားသည်)
စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်သဲအလူးလူးဖြစ်နေသော အသားတုံးကို စွန့်ပစ်ရန်လည်းအခက်၊ စားသုံးရန်လည်းအခက် ဖြစ်နေသကဲ့သို့ အပြစ်အနာအဆာရှိသော နှစ်သက်မက်မောဖွယ် အရာတစ်ခုကို ငြင်းပယ်ရန်လည်းအခက်၊ လက်ခံရန်လည်းအခက် ဖြစ်နေသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "စားရမည်ကား သဲနှင့်ရှပ်ရှပ်၊ ပစ်ရမည်ကား အဆီနှင့်ဝင်းဝင်း ဆိုသလို သောကတွေက ပိုမို၍ ... ကြိတ်ခဲ၍သာ ညှိုးငယ်စွာ နေရလေ၏။" [၁၂၈၄] ဒဂုန်၊ ၄၊ ၃၈။ ၇၉။
ဆိုလိုရင်းတူညီသောအခြားစကားပုံ
ပြင်ဆင်ရန်- ပစ်ရမှာလည်း အဆီနှင့်ရဲရဲ၊ စားရမှာလည်း သဲနှင့်ရှပ်ရှပ် နှင့် အတူတူဖြစ်သည်။