စိန်ဓူဝံ (၂၃ မတ် ၁၉၆၅ မွေးဖွား) သည် မြန်မာနိုင်ငံသား ဆိုင်းဆရာ ဖြစ်သည်။[၁]

ငယ်ဘဝ ပြင်ဆင်ရန်

ရုပ်သေး ဆိုင်းဆရာကြီး ဦးအေးဘို နှင့် ဒေါ်တင်မြ တို့မှ ၁၃၂၆ ခုနှစ် တပေါင်း လပြည့် ကျော် ၆ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားသော တစ်ဦးတည်းသော သားဖြစ်ပြီး အမည်ရင်းမှာ တင်မောင်ဦး ဖြစ်သည်။

ဆိုင်းဆရာဘဝ ပြင်ဆင်ရန်

အသက် ၁၇ နှစ်တွင် ဆိုင်းလောကသို့ စတင် ဝင်ရောက်သည်။ လက်ဦးဆရာမှာ ဖခင် ရုပ်သေးဆိုင်းဆရာကြီး စိန်အေးဘိုဖြစ်သည်။ မန္တလေး ပန်တျာ ဦးစိန်မောင်လွင်၊ စိန်ကျော်ဆင့်၊ စိန်မွတ္တား (တပ်ဆင့် အကယ်ဒမီ) စသည့် နာမည်ကျော်ဆိုင်းဆရာကြီးများ၏ တပည့် ဖြစ်သည်။

ဆု ပြင်ဆင်ရန်

မြန်မာ့ရိုးရာ အဆို အက အရေး အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပညာရှင်အဆင့် ဆိုင်းပြိုင်ပွဲ ဒုတိယ ငွေတံဆိပ် ရရှိခဲ့သည်။

အသင်းအဖွဲ့ ပြင်ဆင်ရန်

စိန်ဓူဝံ ဆိုင်းအဖွဲ့ တည်ထောင်ထားသည်။ ပရဟိတရွှေလက် အဖွဲ့ ၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ကာ ပရဟိတပွဲများလည်း တီးခတ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. သမိုင်းထဲကမြန်မာ့ဆိုင်း - ဂီတကြယ်တံခွန် စိန်ဓူဝံ အပိုင်း(၁) by Channel K Myanmar https://www.youtube.com/watch?v=yO5MEjOUY4Q