ဝီကီပီးဒီးယား:စိစစ်အတည်ပြုခံနိုင်မှု
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ စာမျက်နှာ အား Ninjastrikers (ဆွေးနွေး | ပံ့ပိုး) မှ ၁၆ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
ဤစာမျက်နှာသည် မြန်မာဘာသာ ဝီကီပီးဒီးယား မူဝါဒစာမျက်နှာတစ်ခု ဖြစ်ပြီး စံနှုန်းအဖြစ် သတ်မှတ်ထားကာ တည်းဖြတ်သူများ အားလုံးအနေဖြင့် လိုက်နာရမည်ဖြစ်သည်။ ဤမူဝါဒကို ပြင်ဆင်ပြောင်းလဲမှုများသည် အများသဘောဆန္ဒဖြင့်သာ ပြုလုပ်ရမည်။ |
အဓိက အကြောင်းအရာ မူဝါဒများ |
---|
အခြား အကြောင်းအရာ မူဝါဒများ |
ဝီကီပီးဒီးယားတွင် စိစစ်အတည်ပြုခံနိုင်မှု (verifiability) ဆိုသည်မှာ စွယ်စုံကျမ်းကို အသုံးပြုသော အခြားပုဂ္ဂိုလ်များအနေဖြင့် သတင်းအချက်အလက်တစ်ခုသည် ယုံကြည်စိတ်ချရသော ရင်းမြစ်မှ လာခြင်း ဟုတ်မဟုတ်ကို စစ်ဆေးနိုင်ခြင်း ဖြစ်သည်။ ဝီကီပီးဒီးယားသည် ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများအား လွှင့်တင်ခြင်း မပြုပါ။ ဝီကီပီးဒီးယားရှိ အကြောင်းအရာများကို တည်းဖြတ်သူများ၏ ယုံကြည်ချက် သို့မဟုတ် အတွေ့အကြုံများဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ယခင်ထုတ်ဝေပြီးဖြစ်သည့် သတင်းအချက်အလက်များဖြင့် ဆုံးဖြတ်သည်။ တစ်စုံတစ်ခုသော အကြောင်းအရာသည် မှန်ကန်ကြောင်း သင် အသေအချာ သိနေသော်လည်း ထိုအကြောင်းအရာကို ပေါင်းထည့်ရေးသားရန်အတွက် စိစစ်အတည်ပြုနိုင်ရန် လိုအပ်သည်။[၁] ယုံကြည်စိတ်ချရသော ရင်းမြစ်သည် သဘောထားကွဲလွဲနေပါက ဘက်မလိုက်သော အမြင်ကို လက်ကိုင်ထားကာ ကွဲပြားသော ရင်းမြစ်များမှ ဖော်ပြသည်ကို တင်ပြပြီး မျှမျှတတ ဖြစ်စေရမည်။
ဆောင်းပါးများ၊ စာရင်းများရှိ အရာအားလုံး အပါအဝင် ဝီကီပီးဒီးယား ပင်မအမည်ညွှန်းရှိ အကြောင်းအရာများ အားလုံးသည် စိစစ်အတည်ပြုခံနိုင်ရမည် ဖြစ်သည်။ စိစစ်အတည်ပြုခံနိုင်ခြင်းသည် စောဒကတက်ခြင်း ခံနေရသော သို့မဟုတ် စောဒက တက်စေလာနိုင်သော ပြောဆိုချက်များနှင့် မည်သည့် အကြောင်းအရာမဆိုတွင် အဆိုပါအကြောင်းအရာကို တိုက်ရိုက် ထောက်ခံသော inline citation တစ်ခု ပါဝင်ရမည် ဖြစ်သည်။ ရင်းမြစ်တစ်ခု လိုအပ်နေသော သို့မဟုတ် ပါဝင်ခြင်းမရှိသော မည်သည့် အကြောင်းအရာမဆို ဖယ်ရှားခြင်း ခံရနိုင်သည်။ ရင်းမြစ် မပါသော သို့မဟုတ် ရင်းမြစ် နည်းပါးသော သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကြောင်း အငြင်းပွားဖွယ်ရာ အကြောင်းအရာများကို ကျေးဇူးပြု၍ ချက်ချင်း ဖယ်ရှားပါ။
ကိုးကားချက်များ ရေးသားနည်းအတွက် ရင်းမြစ်များကို ကိုးကားခြင်းတွင် ကြည့်ပါ။ စိစစ်အတည်ပြုခံနိုင်မှု၊ ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများနှင့် ဘက်မလိုက်သော အမြင်တို့သည် ဝီကီပီးဒီးယား၏ အဓိက အကြောင်းအရာ မူဝါဒများ ဖြစ်သည်။ အကြောင်းအရာကို ဆုံးဖြတ်ရန်အတွက် ယင်းတို့သည် အတူတကွ ဆောင်ရွက်သည့်အတွက် တည်းဖြတ်သူများအနေဖြင့် အဆိုပါ မူဝါဒ သုံးခု၏ အရေးပါအချက်များကို နားလည်ထားသင့်သည်။ ဆောင်းပါးများသည် မူပိုင်ခွင့် မူဝါဒကိုလည်း လိုက်နာရမည် ဖြစ်သည်။
မှတ်စုများ
- ↑ This principle was previously expressed on this policy page as "the threshold for inclusion is verifiability, not truth".