စိုင်ကော်လို့ ချုံပေါ်ရောက်
စိုင်ကော်လို့ ချုံပေါ်ရောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက် ပြင်ဆင်ရန်
စိုင်သတ္တဝါ၏ ပင့်ကော်ဝှေ့ခတ်ခြင်းခံရသော်လည်း အန္တရာယ်မဖြစ်ရုံမျှမက ဘေးလွတ်ရာ ချုံပေါ်သို့ပင် ရောက်သွားသူကဲ့သို့ ပျက်စီးကြောင်းနှင့် ကြုံရသော်လည်း နိမ့်ပါးခြင်းမရှိရုံမျှမက ပို၍ပင် အခြေအနေ ကောင်းမွန်သွားသည်။
မူလရင်းမြစ် ပြင်ဆင်ရန်
- "စိုင်ကော်လို့ ချုံပေါ်ရောက်သလို ယခုအခါ အခြေအနေနှင့်စာလျှင် မြေကြီးနှင့် ကောင်းကင်ပမာ ကွာချင်တိုင်းကွာလျက်..." [၁၂၉၅] ဒဂုန်၊ ၁၊ ၅၀။ ၈၄။