စိုင်
Banteng | |
---|---|
Banteng cow (left) and bull (right) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Bovidae |
မျိုးရင်းသေး: | Bovinae |
မျိုးဇာတ်: | Bovini |
မျိုးစု: | Bos |
မျိုးစိတ်: | B. javanicus
|
ဒွိနာမ | |
Bos javanicus d'Alton, 1823
| |
မျိုးစိတ်ခွဲများ | |
စာရင်း
| |
Distribution of banteng (2010)[၁] green: present red: possibly present | |
Synonyms | |
စိုင်သည် သတ္တဗေဒအရ 'ဗိုင်ဗော့ ဗန်တင်းဗာမင်နိကပ်'ဖြစ်သည်။ 'ဗိုးဗိဒီး'မျိုးရင်းတွင်ပါဝင်သည်။ ပြောင်ထက်အရွက်ငယ်၍ ကိုယ်လုံးထွားကျိုင်းသည်။ အမြင့် ၅ ပေခွဲရှိ သည်။ ထို့ထက်မြင့်သော စိုင်များလည်းရှိသည်။ ဦးချိုမှာ ပျမ်းမျှခြင်းအားဖြင့်၂၄ လက်မရှည်၍၊ လုံးပတ် ၁၄ လက်မရှိ သည်။ ပြောင်ထက် ခြေတံရှည်သည်။ စိုင်မနှင့် စိုင်ထီးကလေးတို့တွင် ဝင်းပြောင်သော သစ်အယ် သီးညိုအရောင်ရှိသည်။ မျက်နှာမှာ ဖြူသည်။ ခြေတံသည် ခွာအထက်မှဒူးဆစ်တိုင် အောင်ဖြူသည်။
တင်ပါးတွင်ထင်ရှားသော အဖြူကွက်ပါရှိသည်။ တစ်ခါတစ်ရံ စိုင်ထီးကလေးများ၏ နံဘေးတွင် အဖြူပြောက်များကို တွေ့ရသည်။ ယင်းအပြောက်များသည် တဖြည်းဖြည်း မွဲပြာရောင်သို့ ပြောင်းသွားသည်။ ကြီးပြင်းသော စိုင်များ၏ အရောင်မှာ ညိုဝါရောင်ဖြစ်သည်။ စိုင်ထီးတွင် အများအားဖြင့် မျက်နှာမှ နှာယောင်တိုင်အောင်အဖြူရောင် ညစ်ညစ်ရှိသည်။ ကိုယ်လုံး၏အရောင်မှာ ကာကီရောင်ဖြစ်သည်။ လုံးလုံး မည်းမည်းနက်နေသောစိုင်ကို တွေ့ရခဲသည်။ စိုင်သည် ရွက်ကြွေတော၊ အမြဲစိမ်းတောများရှိ မြေညီ၌သော်လည်းကောင်း၊မညီညွတ်သော မြေပြင်၌သော်လည်းကောင်း၊ ကျက်စားရန် နှစ်သက်သည်။
မြန်မာနိုင်ငံ၌ စိုင်ကိုသစ်တောရှိရာ တောင်ကုန်းများတွင် တွေ့ရသည်။ စိုင်သည် လူကိုမြင်လျှင် ထွက်မပြေးတတ်ချေ။ တစ်ခါတစ်ရံ လယ်တောယာတောများထဲသို့ပင် ဝင်လာတတ်သည်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အစာရှာထွက်သည်။ ပူအိုက်သောအချိန်တွင် နားနေတတ်သည်။ မြက်ပင်၊ဝါးရွက်၊ ဝါးမျှစ် နှင့်အပင်ငယ်ကလေးများကို စားတတ်သည်။ ငန်သောအရသာကို နှစ်သက်သည်။ အအုပ်အသင်းဖွဲ့လျက် စားကျက်ကောင်းရာဒေသသို့ ရာသီအလိုက်ပြောင်းရွှေ့ ကျက်စားလေ့ရှိသည်။ စိုင်သည် ဖျတ်လတ်သည်။ အကြား၊အမြင်နှင့် အနံ့ခံကောင်းသည်။ ငြိမ်သက်စွာနေလေ့ရှိသည်။ နွားကဲ့သို့ အသံပြု တတ်သည်။ ထိတ်လန့်သောအခါ ကျယ်လောင်စွာအော်၍ တစ်ဟုတ်တည်းပြေးလွှားတတ်သည်။ စိုင်သည် များသောအားဖြင့် တစ်ကြိမ်လျှင် သားတစ်ကောင်သာပေါက်သည်။ တစ်ခါတစ်ရံမှသာ နှစ်ကောင်ပေါက်တတ်၏။ စိုင်ကို မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၏ ကျွန်းဆွယ်ဒေသ၊ ဘော်နီယိုကျွန်း နှင့် ဂျားဗားကျွန်းတို့တွင်တွေ့ရသည်။ မြန်မာနိုင်ငံတွင် မဏိပူရတောင်ကုန်းများ၌လည်း တွေ့ရသည်ဟု အဆိုရှိသည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Gardner, P. (2016). "Bos javanicus". IUCN Red List of Threatened Species 2016. IUCN.
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၄) နှာ ၆-၈။