စုစုလွင်၊ ဒေါ်
ဒေါ်စုစုလွင် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နဝမမြောက် သမ္မတဖြစ်သူ ဦးထင်ကျော်၏ ဇနီး ဖြစ်သည်။ သူမသည် သုံးခွမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့မှ စတင်ကာ ဆောင်ခဲ့သည်။[၁][၂][၃] ပြည်သူ့လွှတ်တော်၏ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ၂၀၁၆ မတ်လ ၃၁ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။
ဒေါ်စုစုလွင် | |
---|---|
မြန်မာနိုင်ငံ၏ First Lady | |
တာဝန်သက်တမ်း ၃၀ မတ်လ ၂၀၁၆ – ၂၁ မတ်လ ၂၀၁၈ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ဒေါ်ခင်ခင်ဝင်း |
ဆက်ခံသူ | ဒေါ်ခင်သက်ဌေး (ယာယီ) |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
ယခင်လူ | ဦးမြင့်မောင် |
ဆက်ခံသူ | ကိုယ်တိုင် (ရွေးကောက်ပွဲရလဒ်ဖျက်သိမ်း) |
မဲဆန္ဒနယ် | သုံးခွမြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | [၁] ရန်ကုန် | ၂၂ ဧပြီ၊ ၁၉၅၂
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဦးထင်ကျော် |
မိဘ | သီရိပျံချီ ဦးလွင်နှင့် ဒေါ်တင်တင်မလေး |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ငယ်ဘဝ
ပြင်ဆင်ရန်ဒေါ်စုစုလွင်ကို လွတ်လပ်ရေးမော်ကွန်းဝင် အငြိမ်းစား ဗိုလ်မှူးကြီး နှင့် အငြိမ်းစား နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် သီရိပျံချီ ဦးလွင် နှင့် ဒေါ်တင်မမလေးတို့က ၁၉၅၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၁] သမီးနှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်စဉ်က အထက ၃၊ မော်လမြိုင်၊ အထက ၂ ကမာရွတ်၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၊ Radnor Elementary School မက်သဒစ် အင်္ဂလိပ်အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။[၄]
နိုင်ငံ့ဝန်ထမ်းဘဝ
ပြင်ဆင်ရန်ပညာရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာ အဓိကဖြင့်ရရှိခဲ့ကာ[၂] မြန်မာနိုင်ငံ ပညာရေး သုတေသီအဖွဲ့တွင် ၁၃ နှစ် ကျော်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဦးထင်ကျော်နှင့် လက်ထပ်ခဲ့သည်။
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်တွင် သင်ခန်းစာ ရေးသားခြင်းဆိုင်ရာ ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ကထိကရာထူးမှ နုတ်ထွက်ခဲ့သည်။
နိုင်ငံရေးသမားဘဝ
ပြင်ဆင်ရန်၁၉၈၉ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း၌ အင်္ဂလိပ်စာသင်တန်းများ ပို့ချပေးခဲ့သည်။ ၁၉၉၀ ခုနှစ်မှစ၍ UNICEF တွင် ပညာရေး စီမံကိန်းအရာရှိအဖြစ် ထမ်းဆောင်ခဲ့ခြင်း၊ လူအခွင့်အရေး အခြေပြု စီမံကိန်းရေးဆွဲခြင်း တာဝန်များ ထမ်းဆောင်ကာ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများကို ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မော်ရိုကို တို့တွင် တက်ရောက်ခဲ့သည်။
၁၉၉၉-၂၀၀၀ မှစ၍ သုံးခွမြို့နယ်တွင် ကျောင်းနေအရွယ် အားလုံး ကျောင်းနေရေး စီမံကိန်းနှင့် စဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင် စီမံရေးအရာရှိအဖြစ် UNICEF ဘက်မှ ဆောင်ရွက်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။ အမေ့အိမ်အခမဲ့ ပညာဒါနကျောင်းများဖွင့်ကာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာများအား ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားနည်းများ ပို့ချဆွေးနွေးပေးခဲ့သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ လွှတ်တော်အမတ်များ - ဒေါ်စုစုလွင်။ Open Myanmar Initiative။ ၁၅ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Aung Hla Tun။ "Presidency beckons for Suu Kyi confidant after two months in party"၊ Reuters News၊ 10 March 2016။ 10 March 2016 တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်စုစုလွင် ပြည်သူ့ လွှတ်တော်။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2021 တွင် ပြန်စစ်ပြီး။
- ↑ "မြန်မာနိုင်ငံရဲ့ First Lady ဖြစ်လာမယ့် ဒေါ်စုစုလွင်"။