စေတီလှသည် စစ်ကိုင်းမြို့နှင့်အတူ တွဲဖက်ကာ ထင်ရှားသည့် သမိုင်းဝင် စေတီတစ်ဆူ ဖြစ်သည်။ စစ်ကိုင်းအစ စေတီလှဟု ခေါ်ဆိုကြသည်။ စေတီလှ တည်နေရာမှာ စစ်ကိုင်းမြို့၊ လေးကျွန်းအောင်မြေရပ် အနောက်ဘက် မင်းဝံတောင်စွယ်ပေါ်တွင် တည်ရှိသည်။ စေတီလှကို သက္ကရာဇ် ၆၇၇ တွင် အသင်္ခယာ စောယွန်းက တည်ထားခဲ့သည်။ စေတီလှသည် စစ်ကိုင်းမြို့တည် နန်းတည် ကိုးဌာနတွင် တစ်ဆူအပါအဝင်ဖြစ်သော စေတီဖြစ်သည်။ []

  1. မန္တလေးနေ့စဉ်၊ ၁၄-၈-၂၀၁၈၊ စာ -၁၉