စောဒန်နီယယ် (အင်္ဂလိပ်: Saw Daniel; ၁၉၅၇ မွေးဖွား [၁]) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့  အဖွဲ့ဝင်တစ်ဦးဖြစ်သည်။[၂] မြန်မာနိုင်ငံသား ကယားလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ဒုဥက္ကဋ္ဌဟောင်းတစ်ဦး ဖြစ်သည်။[၁] ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် စောဒန်နီယယ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၃] အဆိုပါရာထူးလက်ခံခြင်းအတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက စောဒန်နီယယ်အား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။[၁]၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ခြင်းခံရသည်။

စောဒန်နီယယ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၂၅ နိုဝင်ဘာ၁၉၅၇&#၁၆၀;(၁၉၅၇-၁၁-၂၅) (အသက် ၆၆)
မြန်မာနိုင်ငံ
နိုင်ငံရေးပါတီကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (၂၀၁၆-၂၀၂၁)
အလုပ်အကိုင်
  • နိုင်ငံရေးသမား

အရေးယူပိတ်ဆို့ခံရမှု ပြင်ဆင်ရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းနှင့်စပ်လျဉ်းပြီး ဥရောပသမဂ္ဂက ၂၀၂၁ ဧပြီ ၁၉ရက် တွင်လည်းကောင်း၊အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ဇူလိုင် ၂၁ရက် တွင်လည်းကောင်း၊ဩစတြေးလျအစိုးရက ၂၀၂၃ ဇန်နဝါရီ ၂၅တွင်လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းသည်။[၄] [၅] [၆]



ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Karenni armed group urges govt, Tatmadaw on single stand in peace talks (2 December 2020)။ 8 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 February 2021 တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းEleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၇ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၄ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (in my)။ 7 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 February 2021 တွင် ပြန်စစ်ပြီး။
  4. Treasury Sanctions Senior Officials and Family Members Connected to Burma’s MilitaryU.S. Embassy in Burma (2 July 2021)။ 7 March 2023 တွင် ပြန်စစ်ပြီး။
  5. COUNCIL IMPLEMENTING REGULATION (EU)the European Union (19 April 2021)။ 7 March 2023 တွင် ပြန်စစ်ပြီး။
  6. Autonomous Sanctions (Designated and Declared Persons – Myanmar) Amendment Instrument 2023Australian Government (25 January 2023)။ 7 March 2023 တွင် ပြန်စစ်ပြီး။