နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ

ကောင်စီအကြီးအကဲ

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခေါင်းဆောင်ဖြစ်သည်။ အာဏာသိမ်းစစ်အစိုးရမှ ဖွဲ့စည်းထားသော စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အိမ်စောင့်အစိုးရဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ကောင်စီဥက္ကဋ္ဌမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၁][၂]အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီးနောက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုဖွဲ့စည်းကာ ၎င်းက ဥက္ကဋ္ဌ လုပ်သည်။

နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ ၏ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
မင်းအောင်လှိုင်

၂ ဖေဖော်ဝါရီ ၂၀၂၁ မှစ၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စံအိမ်နေပြည်တော်
ဖွဲ့စည်းခြင်း၂ ဖေဖော်ဝါရီ ၂၀၂၁
ပထမဆုံး ထမ်းဆောင်သူမင်းအောင်လှိုင်
လက်ထောက်ဒုတိယဥက္ကဋ္ဌ

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် တတိယအကြိမ်လွှတ်တော်များကို စတင်ရန် စီစဉ်ထားသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်တွင် တပ်မတော်မှ အာဏာကိုသိမ်းယူမှုပြုလုပ်ခဲ့သည်။ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေမှအပ ကျန်ရှိသော နိုင်ငံတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဗဟို/ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားထင်ရှားသူအချို့ကို မတရားဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် တပ်မတော်ပိုင် မြဝတီ ရုပ်သံမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှုင်ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေကို ယာယီသမ္မတခန့်အပ်ကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် (၁)နှစ်ကြေညာကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ကြောင်း ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။

အခွင့်အာဏာ ပြင်ဆင်ရန်

အာဏာသိမ်း စစ်ခေါင်းဆောင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်သဖြင့် နိုင်ငံတော်၏ အာဏာ ၃ ရပ်လုံး ၎င်းထံတွင် ရှိလေသည်။[၃]ရှိသည်ဆိုသော်ငြားလည်း ၎င်း၏ စစ်အစိုးရ အုပ်ချုပ်သည် ကို မခံချင်၍ ပြန်လည်တိုက်ခိုက်နေသူအများအပြား ရှိသောကြောင့် အသုံးချရာတွင် အခက်အခဲ ရှိသည်။

ဥက္ကဋ္ဌများစာရင်း ပြင်ဆင်ရန်

စဉ် ပုံ အမည် တာဝန်ထမ်းဆောင်ခြင်း သမ္မတ ဒုတိယ ဥက္ကဋ္ဌ
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
  မင်းအောင်လှိုင် ၂ ​ဖေ​ဖော်ဝါရီ ၂၀၂၁ လက်ရှိ ၃ နှစ်၊ ၂၇ ရက် ဦးမြင့်ဆွေ စိုးဝင်း

ဒုတိယ ဥက္ကဋ္ဌ ပြင်ဆင်ရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဒုတိယဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

၂ ဖေဖော်ဝါရီ ၂၀၂၁ မှစ၍
အစီရင်ခံရသူဥက္ကဋ္ဌ
ဖွဲ့စည်းခြင်း၂ ဖေဖော်ဝါရီ ၂၀၂၁
ပထမဆုံး ထမ်းဆောင်သူစိုးဝင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည်။

စာရင်း ပြင်ဆင်ရန်

စဉ် ပုံ အမည် တာဝန်ထမ်းဆောင်ခြင်း
ဥက္ကဋ္ဌ
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
  စိုးဝင်း ၂ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၃ နှစ်၊ ၂၇ ရက် မင်းအောင်လှိုင်

အခြားကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. "စစ်ကောင်စီက အိမ်စောင့်အစိုးရ ဖွဲ့"။ 
  2. "Myanmar forms caretaker government: State Administration Council"။ 
  3. Myanmar military announces new State Administration Council (2021-02-02)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2021 တွင် ပြန်စစ်ပြီး။