ဝင်ရိုး
(စံတိုင် မှ ပြန်ညွှန်းထားသည်)
သင်္ချာ၊ ရူပဗေဒနှင့် စာရင်းအင်းနယ်ပယ်များ၌ တွေ့ရတတ်သော ဝင်ရိုး (သို့) စံတိုင် (အင်္ဂလိပ်: axis; အများကိန်း = axes) ဆိုသည်မှာ -
- ကိုဩဒီးနိတ်အိမ် (ခေါ်) အမှတ်ချအိမ် တခုခုတွင် ၎င်း၏ အမှတ်နေရာချရေး၊ ချအမှတ် (coordinate) တို့ ကိန်းဂဏန်း ထွက်ပေါ်ရေးအတွက်၊ စံပေတံထား တိုင်းတာဖွယ် မျဉ်းတိုင်များလည်း ဖြစ်တတ်၏၊ စံတိုင်(axis) တစ်ခုစီက တိုင်းကြောင်း(dimension) တစ်ခုစီကို ကိုယ်စားပြုလျက်။
- ဂရပ်ဖ်ပုံများ(graphs) တို့ဖြင့် တိုင်းဖွယ်အခြင်းအရာ အချင်းချင်းကြား ဖန်ရှင် (မှီတည်ဆက်နွယ်မှု) ကို ပြရာတွင်လည်း၊ ထိုတိုင်းဖွယ်အခြင်းအရာ (quantity) တစ်ခုစီကို ကိုယ်စားပြုသည့် စံပေတံမျဉ်းတိုင်များ ဖြစ်တတ်သည်။
အခြားသော ရူပဗေဒ ကိစ္စရပ်များနှင့် ဘဝသုံး ဂျီဩမေတြီ (Applied Geometry) တို့တွင်လည်း -
- လည်ပတ်ခြင်း (rotations) တို့၌ ဒြပ်ထု သို့မဟုတ် ဂျီဩမေတြီဝတ္ထု တခုခု တို့၏ စက်ဝိုင်းပုံရွေ့လျားမှု ပြင်သား (plane) ကို အနေအထား မြင်ယောင်ကြည့်လျှင် ၎င်း လည်ပတ်ပြင် (roational plane) ပေါ်သို့ ထောင့်မတ်ကျနေသည့် စံပြုစိတ်ကူး မျဉ်းဖြောင့် သည် လည်ပတ်မှု ဝင်ရိုး (သို့) လည်ပတ်မှု စံတိုင် (သို့) အလည်ဘက်လှည့် စံတိုင် (အင်္ဂလိပ်: roational axis) အဖြစ်၊
- ခေါက်ချိုးညီမှု (symmetry) ရှိသော ဂျီဩမေတြီ ပုံသဏ္ဌာန်တို့၌ ၎င်းပုံဝတ္ထု၏ ပြန်လှန်ညီနေသည့် ၂ပိုင်းကို ဖြတ်ပိုင်းထားမည့် စံပြုစိတ်ကူး မျဉ်းဖြောင့်သည် ခေါက်ချိုးညီ စံမျဉ်း (သို့) ခေါက်ချိုးညီ စံတိုင် (symmetrical axis) အဖြစ်၊
စသည်ဖြင့် အမျိုးမျိုး ရှိတတ်သေးလေ၏။