ဦးစံလွင် (၁၀ အောက်တိုဘာ ၁၉၃၈ မွေးဖွား) သည် အငြိမ်းစား ဗိုလ်မှူးကြီး၊ စာရေးဆရာနှင့် မြန်မာစာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

ဒေါက်တာ
ဦးစံလွင်
မွေးဖွား (၁၉၃၈-၁၀-၁၀) အောက်တိုဘာ ၁၀၊ ၁၉၃၈ (အသက် ၈၅)
ရန်ကုန်မြို့
သစ္စာခံနိုင်ငံတပ်မတော် (ကြည်း)
လက်နက်ကိုင်တပ်အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်
ရာထူးအဆင့်ဗိုလ်မှူးကြီး
ဆုတံဆိပ်များထွန်းဖောင်ဒေးရှင်းဆု
အိမ်ထောင်ဖက်ဒေါ်ညိုညို

ငယ်ဘဝ ပြင်ဆင်ရန်

ဆရာကြီးဦးစံလွင်ကို ၁၉၃၈-ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်နေ့တွင် အဖဦးသန်းမောင်၊ အမိ ဒေါ်ချစ်တို့က ရန်ကုန်မြို့၌ မွေးဖွားသည်။

၁၉၄၅-ခုနှစ်မှ ၁၉၄၉-ခုနှစ်ထိ မူလတန်းပညာကို ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း၊ ၁၉၅၀-ခုနှစ်မှ ၁၉၅၅-ခုနှစ်အထိ အထက(၁)ဒဂုံတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၅-ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို ပထမအဆင့်ဖြင့် အောင်၍ စစ်တက္ကသိုလ် အပတ်စဉ် (၁) ဗိုလ်လောင်းအဖြစ် အရွေးခံရသည်။ ၁၉၅၉-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (pass with credit) ရရှိသည်။ ၂၀၁၂-ခုနှစ်တွင် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ Doctor of Letters (D.Litt.) ကို ချီးမြှင့်ခြင်းခံရသည်။

စစ်မှုထမ်းခြင်း ပြင်ဆင်ရန်

၁၉၅၅-ခုနှစ်တွင် ဆက်သွယ်ရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်။ အမှတ်(၁) ရှမ်း သေနတ်ကိုင်တပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တာဝန်ဌာနစု၊ စီမံရေးရာဌာနစု၊ အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း၊ အမှတ် ၂၀ ခြေလျင်တပ်ရင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၁-ခုနှစ်မှ ၂၀၀၆-ခုနှစ်အထိ ပညာရေးဝန်ကြီး၊ မြန်မာစာအဖွဲ့ ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉-ခုနှစ်တွင် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။

စာပေ ပြင်ဆင်ရန်

၁၉၈၁-ခုနှစ်မှစ၍ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာသဒ္ဒါ၊ မြန်မာစာ မြန်မာစကား၊ မြန်မာအဘိဓာန်၊ မြန်မာစကားပုံ၊ မြန်မာဆိုရိုးစကား၊ အလိမ္မာပုံဝတ္တုများ၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်၊ ခရီးဆောင်မြန်မာအဘိဓာန်၊ အင်္ဂလိပ်-မြန်မာအဘိဓာန်၊ စာကိုးအဘိဓာန် စာအုပ်များပြုစုရာတွင်လည်းကောင်း ထုတ်ဝေရာတွင်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ Practical Myanmar, Do’s and Don’t Myanmar, Myanmar proverbs, ကလေးများ အတွက် သုတရတနာသိုက်၊ ကျောင်းသားသုံး အင်္ဂလိပ်-မြန်မာအဘိဓာန်များကို ဦးဆောင် ပြုစုခဲ့သည်။

၁၉၅၈-ခုနှစ်မှ ၁၉၆၄-ခုနှစ်အထိ ဂါးဒီးယန်းမဂ္ဂဇင်းတွင် Maung Lu Soe အမည်ဖြင့် ကဗျာများ ရေးသားခဲ့သည်။ ၁၉၉၅-ခုနှစ်မှ ၂၀၀၅ အထိ ထုတ်ဝေသော Myanmar Perspectives မဂ္ဂဇင်းတွင် မြန်မာမှုနှင့် မြန်မာ့ဇီဝလောက်တို့နှင့်ပတ်သက်သော ဆောင်းပါး ၅၀ ကျော် ရေးသားခဲ့သည်။ ၁၉၉၄-ခုနှစ်မှစ၍ စံလွင်၊ တောင်ခိုး၊ Lu Zoe အမည်များဖြင့် Myanmar Newspaper Reader, Myanmar Proverbs, The Moderm Buddhist Nun, Dictionary of the Nobel Words of the Lord Buddha, Pali-Myanmar-English, Rajadarit’ Campaings, Myanmar military terms, 2 in 1 Travellers’s Myan-Eng, Eng-Myan Dictionary, The sakavan monastery donated by Kinwun-mingyi, War and warfare, U Ponnya’s Chronicleon Overcoming the Siamese Incursion of 1983, Plastic arts adorning the Nagayon Temple, Translation English of Min Bu Aung Kyaing, စစ်ညောင်းတာရှည်မြန်မာပြည်၊ ဂျပန်စစ်သည်တို့ကပြောပြသော ဇာတ်လမ်းများ၊ စစ်နှင့် စစ်မက်ရေးရာ၊ အရှေ့တောင်အာရှ အနုသုခုမလက်ရာများအဘိဓာန်၊ မြတ်ဗုဒ္ဓပါဝါစနအဘိဓာန်၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်(ခ်)၏ သူ့ဘဝသူ့အကြောင်း စသည့်စာအုပ်များ ရေးသား ခဲ့သည်။

မြန်မာ-အင်္ဂလိပ် အဘိဓာန်ဖြင့် ထွန်းဖောင်ဒေးရှင်းဆုကို ရရှိခဲ့သည်။

မဟာသုတေသနကျမ်း၊ ပါရဂူကျမ်းများတွင် ပြင်ပစာစစ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ကွန်ပျူတာသုံးမြန်မာယူနီကုတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

မိသားစု ပြင်ဆင်ရန်

ဆရာကြီးသည် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်များထမ်းဆောင်ရင်း ဇနီး ဒေါ်ညိုညို (အမ်ရုသ်) (အငြိမ်းစားသူနာပြုဆရာမ)၊ သမီးလေးယောက်အတူ ကမာရွတ်မြို့နယ်တွင် နေထိုင်ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ဆရာကြီးသည် ၁၁.၁.၂၀၂၁ အသက်(၈၂) နှစ်တွင် ကွယ်လွန်ခဲ့သည်။


ကျမ်းကိုး ပြင်ဆင်ရန်

ပညာရေး ဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကားပညာရေးဦးစီးဌာန Archived 28 October 2019 at the Wayback Machine.