အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်

အမ်းမြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် နပခ) သည် အမ်းမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တောင်ဘက်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်စွာဦး (ကြည်း - ၂၆၇၅၃) (တေဇ - ၂၂) ဖြစ်သည်။[]

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
နပခ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်ကိုးမြှောင့်ကြယ်၊ ရခိုင်သား
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်စွာဦး
ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်း
အဆောင်အယောင်များ
အလံတော်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရခိုင်ပြည်နယ်စစ်တွေမြို့၌ ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရခိုင်ပြည်နယ်၊ အမ်းမြို့ သို့ ၂၀၀၀ ပြည့်နှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ကွပ်ကဲမှုနယ်မြေများမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာနိုင်ငံပိုင် ရေပိုင်နက်များ အထိ ပါဝင်သည်။[ကိုးကားချက်လိုသည်] လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြန့်ခွဲထားရှိသည်။

ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း-၅၄၉၇၊ ဗိုလ်မှူးကြီးလှထွန်း(ဗိုလ်လောင်းသင်တန်းအပတ်စဉ်-၁)မှ တာဝန်ယူခဲ့သည်။

ဖွဲ့စည်းပုံ

ပြင်ဆင်ရန်

(ကွပ်ကဲမှုဌာနချုပ် ၆ခု.ခြေလျင် ခြေမြန် ၄၃ခု.လက်ရုံးဝန်ထမ်း ၂၆ခု.ကက(ရေ) ၁၂ခု.စုစုပေါင်း ၈၇တပ် အကြမ်းဖျင်းအနည်းဆုံးရှိသည်။)

နပခ နယ်မြေအတွင်း တည်ရှိသော စစ်ဌာနချုပ်များ၊ ၎င်း၏ကွပ်ကဲမှုအောက်ရှိ စစ်ဌာနချုပ်၊ စစ်ဗျူဟာများနှင့် လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ)

စစ်ဗျူဟာများ

ပြင်ဆင်ရန်

အခြေချစစ်ဗျူဟာ (၁) ခု၊ လှုပ်ရှားစစ်ဗျူဟာ (၃) ခု နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (ဒကစ-စစ်တွေလက်အောက်ခံ တပ်ရင်းများအပါအဝင်) ရှိသည်။[ကိုးကားချက်လိုသည်]

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ

ပြင်ဆင်ရန်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

ပြင်ဆင်ရန်
  • ဗိုလ်မှူးကြီး လှထွန်း (ကြည်း - ၅၄၉၇) (ဗသက - ၁) (၁၁-၇-၁၉၇၂ မှ ၁၈-၃-၁၉၇၅)
  • ဗိုလ်မှူးချုပ် မင်းဂေါင် (ကြည်း - ၆၃၁၅) (၁၈-၃-၁၉၇၅ မှ ၂၃-၃-၁၉၇၉)
  • ဗိုလ်မှူးချုပ် ဝမ်းတင် (ကြည်း - ၆၁၃၈) (၂၃-၃-၁၉၇၉ မှ ၁၄-၁-၁၉၈၀)
  • ဗိုလ်မှူးချုပ် စိုးမြင့် (ကြည်း - ၅၄၈၂) (၁၄-၁-၁၉၈၀ မှ ၂၂-၇-၁၉၈၃)
  • ဗိုလ်ချုပ် မြသင်း (ကြည်း - ၆၆၀၅) (ဗသက - ၉) (၂၂-၇-၁၉၈၃ မှ )
  • ဗိုလ်ချုပ် ဝင်းမြင့် (ကြည်း - ၈၈၀၉) (ဗသက - ၂၈)
  • ဗိုလ်ချုပ် အောင်ထွေး (ကြည်း - ၉၇၅၂) (ဗသက - ၂၉)
  • ဗိုလ်ချုပ် မောင်ဦး (စတသ - ၁၃)
  • ဗိုလ်မှူးချုပ် မင်းအောင်လှိုင်[] (ကြည်း - ၁၄၂၃၂) (စတသ - ၁၉)
  • ဗိုလ်ချုပ် မောင်ရှိန် (ကြည်း - ၁၄၇၅၆) (စတသ - ၂၀)
  • ဗိုလ်ချုပ် သောင်းအေး (ကြည်း - ၁၄၇၈၈) (စတသ - ၂၀)
  • ဗိုလ်ချုပ် စိုးသိန်း
  • ဗိုလ်ချုပ် ထွန်းနေလင်း (ကြည်း - ၁၆၃၅၄) (ဗသက - ၆၁)
  • ဗိုလ်ချုပ် ကိုကိုနိုင် (ကြည်း ၁၉၀၀၀) (စတသ - ၂၆)
  • ဗိုလ်ချုပ် မောင်မောင်စိုး []
  • ဗိုလ်မှူးချုပ် စိုးတင့်နိုင် [] ( ယခင် ထောက်ပံ့ပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူး)
  • ဗိုလ်ချုပ်ဖုန်းမြတ် [] (ကြည်း - ၂၀၃၂၄) (ဗသက - ၇၃) (နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး) []
  • ဗိုလ်ချုပ် ထင်လတ်ဦး [] (ကြည်း - ၂၅၀၉၉) (ဗသက - ၇၃) (ယခင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး)
  • ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်စွာဦး (ကြည်း - ၂၆၇၅၃) (တေဇ - ၂၂)(ယခင် တိုက်ခိုက်ရေး ဗထူး ကျောင်းအုပ်ကြီး) ၂၀၂၄ - လက်ရှိ []
  1. "အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူ များအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်"။ Archived from the original on 9 June 2021။ 
  2. မြန်မာ့အလင်းသတင်းစာ (၁၉.၄.၂၀၀၅)။ 8 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2022 တွင် ပြန်စစ်ပြီး။
  3. အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် ကန် အရေးယူပိတ်ဆို့VOA Burmese (၂၁ ဒီဇင်ဘာ ၂၀၁၇)။ 3 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အစားထိုးခန့်BBC Burmese (၁၃ နိုဝင်ဘာ ၂၀၁၇)။ 30 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. တပ်မတော် စစ်တိုင်းမှူး ၂ ဦးကို အပြောင်းအလဲပြုလုပ်The Irrawaddy (၂၈ မေ ၂၀၁၉)။ 30 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ရခိုင် စစ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဖြစ်လာThe Irrawaddy (၂၈ ဇူလိုင် ၂၀၂၀)။ 17 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်MWD Webportal (၃၀ မေ ၂၀၂၁)။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. စစ်ကောင်စီ၏ ရခိုင် အနောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်ကျော်စွာဦးဖြစ်ကြောင်းဖော်ပြnarinjara (၂၆ မတ် ၂၀၂၄)။ ၂၆ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။

နောက်ထပ်ကြည့်ရန်

ပြင်ဆင်ရန်